ကျောက်ဇကာ
Ref; http://s.hswstatic.com/gif/catalytic-converter-location.jpg
ဟိုဟိုဒီဒီ လျှောက်ဖတ်ထားတဲ့ ကျောက်ဇကာ(CatalyticConverter)
တွေ အကြောင်း ရေးချင်ပါတယ်။ မော်တော်ကားတွေမှာ ကျောက်ဇကာ တပ်ရတာက အိပ်ဇော ငွေ.မှာ ပါတဲ့ အဆိပ်ဖြစ်စေတဲ့ ဓါတ်ငွေ. တွေ လျော့အောင် လို့ပါ၊
ပြီးပြည့်စုံတဲ့ မီးလောင် ပေါက်ကွဲ မှုမဖြစ်လို့ ကျန်ခဲ့တဲ့ ဟိုက်ဒရိုကာဘွန် ( HC
)တွေနဲ့ကာဘွန်မိုနော့ဆိုက် ( CO ) တွေကို ဓါတ်ကူပစ္စည်း (Catalyst) တွေနဲ့ ဓါတ်တိုးပြီး ကာဘွန်ဒိုင်အောက်ဆိုက် ( CO2) နဲ့ ရေ ( H2O ) ဖြစ်သွားအောင်
လုပ်တဲ့( 2 Way ) နဲ့ နိုက်ထရိုဂျင် အောက်ဆိုက်
အမျိုးမျိုး ကို ဓါတ်လျော့စေပြီးနိုက်ထရိုဂျင် နဲ့အောက်ဆီဂျင် အဖြစ် ဓါတ်လျော့စေတဲ့
( 3 Way )ဆိုပြီး (၂)မျိုးရှိတာတွေ့ရပါတယ်။
အမေရိကန်မှာ Clean Air Act အရ ၁၉၇၅ ခုနှစ် နောက်ပိုင်း ကားတွေမှာ ညစ်ညမ်း ဓါတ်ငွေ့
ထုတ်လွှတ်မှုကို ၇၅% အထိလျှော့ချဘို့ လုပ်ဆောင်ပါတယ်၊ US EPA က အိတ်ဇောငွေ့ တွေနဲ့ ပတ်သက်တဲ့
စည်းမျဉ်းတွေ ထုတ်ပြန်ပြီး ၁၉၇၅ ကစလို့ ဓါတ်ဆီကား တွေမှာစတင် တပ်ဆင် အသုံးပြုတာပါ။
ကျောက်ဇကာတွေကို အင်ဂျင်အထွက်
အိတ်ဇောပိုက်မှာ တပ်ဆင်ပါတယ်၊ ပထမပိုင်း ကျောက်ဇကာတွေမှာ အောက်ဆီဂျင် ကိုထပ်ပြီးထည့်ရတဲ့စနစ်ဖြစ်ပြီး
နောက်ပိုင်း မှာတော့ ( Sensor ) နဲ့ဘဲ အလုပ်လုပ်ပြီး လေနဲ့ဆီ အရောအနှော ကို ထိန်းပေးပါတယ်။
သူတို့ဟာ ကားက ထွက်တဲ့ အဆိပ်ဓါတ်ငွေ့
တွေကို လျှော့ချ နိုင်ပေမယ့် ထွက်လာတဲ့ ကာဘွန်ဒိုင်အောက်ဆိုက် ကလည်း ကမ္ဘာကြီး ပူနွေးမှု (Global Warming ) ဖြစ်စေတဲ့ ဓါတ်ငွေ့ ဖြစ်လို့ ဆိုးကျိုးအနေနဲ့ တော့ ရှိတာပါဘဲ။
ကျောက်ဇကာကို စပြီးတီထွင်သူ ကတော့ ရေနံ
သန့်စင် လုပ်ငန်းတွေမှာ ကျွမ်းကျင်သူ ပြင်သစ်လူမျိုး၊အင်ဂျင်နီယာ Eugene Houndry ပါ။
ကျောက်ဇကာမှာ ပါတဲ့ ဓါတ်ကူပစ္စည်း အဖြစ်
သုံးတဲ့ Platinum,Pallidium, Rhodium လိုသတ္ထု တွေဟာ ရှားပါးပြီး ကြီးပါတယ်။ အသုံးပြု သက်တမ်း ကြာလာရင် ဓါတ်ပြု နိုင်တဲ့ အရည်အသွေး ကျလာတာ မို့လို့ အသစ် လဲတပ်ရပါတယ်။
မလိုအပ်ဘဲ လဲ တပ်ချင်ရင်လည်း ဥပဒေ နဲ့
တားမြစ် ထားပါတယ်။ လေ့လာရ သလောက် အောက်ပါ အခြေ အနေ တွေမှာ အစားထိုး လဲလှယ် တပ်ဆင် ရပါတယ်။
( က )ကျောက်ဇကာမှားတပ်ထားရင်၊
( ခ )ယာဉ်စစ်ဆေးချက်အရ လဲတပ်ဖို့လိုအပ်ရင်၊
( ဂ ) ၁၉၉၆
ခုနှစ်ထက်စောပြီး ထုတ်တဲ့ကား တွေမှာ ခရီးတာ မိုင်ငါးသောင်း ကျော်သွားရင်၊
( ဃ ) ပါရှိတဲ့ ကားတွေမှာ
ထုတ်လုပ်မှု သက်တမ်း ရှစ်နှစ်ကျော်၊ ဒါမှမဟုတ် မိုင်ရှစ်သောင်း သွားပြီးရင်၊
အဲဒီလို အစားထိုး လဲလှယ်
တပ်ဆင်မယ် ဆိုရင် လည်း အောက်ပါ အချက် တွေနဲ့
ပြည့်စုံ ရမှာပါ၊
( က )မူလ နေရာမှာဘဲ တပ်ဆင်
ရပါတယ်၊
( ခ )မူလအမျိုးအစား
( 2-way,3-way စသဖြင့် ) တပ်ဆင်ရပါတယ်၊
( ဂ )ယာဉ်ထုတ်လုပ်တဲ့ကုမ္မဏီ ကသင့်တော်တယ်လို့သတ်မှတ်
ထားတဲ့
ထုတ်လုပ် ပုံစံဖြစ်ရပါမယ်၊
( ဃ )လေသွင်းရတဲ့ အစိတ်အပိုင်း ၊ နေရာတွေ ပါရင် အဲဒါတွေ
ကောင်းမွန်စွာ
တပ်ဆင်နိုင်ရပါမယ်၊
( င )အခြား ထူးခြားတဲ့
အသုံးပြုဘို့ ရည်ရွယ်ချက် ရှိခဲ့ရင် လိုအပ်တဲ့ အခြား
ပုံစံ ကိုတပ်ရပါတယ်၊
( စ )တပ်ဆင်တဲ့ ကုမ္မဏီ က အာမခံ အချက်အလက် တွေ ပါရပါတယ်၊
လေ့လာ ကြည့်သလောက်တော့  ဓါတ်ဆီကား တွေမှာ ကျောက်ဇကာ
မပါခင်က အိတ်ဇောငွေ့ ထဲ ကာဘွန်မိုနော့ဆိုက်(
CO )ပါရှိမှုဟာ အိတ်ဇောငွေ့ ထုထည်ရဲ့ ၃.၅% လောက်ကနေ ကျောက်ဇကာ တပ်ထားတဲ့ ၁၉၉၇ နောက်ပိုင်းကား တွေ မှာ ၀.၅% လောက်သာ
ပါရှိ တော့တာ တွေ့ရပါတယ်။
http://dev.nsta.org/evwebs/3368/History/History.htm
No comments:
Post a Comment