ပို့ဆောင်ရေး စီမံချက် ရေးဆွဲရာမှာ
နောင်ဖြစ်လာမည့် လူမှုဘဝ ပုံစံနှင့် ပို့ဆောင်ရေးပုံစံကို အခြေပြုပြီး ပို့ဆောင်ရေး
မူဝါဒရေးဆွဲခြင်း၊ လုပ်ငန်း စီမံချက် ရေးဆွဲခြင်းများ ဆောင်ရွက်ခြင်း၊ စွမ်းဆောင်မှု
နည်းသော ပို့ဆောင်ရေး စနစ်များအား လျော့ချခြင်း၊ ရှောင်လွှဲရမည့် မူဝါဒများ၊ ပြောင်းလဲရမည့်
မူဝါဒများ၊ ပြောင်းလဲမည့် လုပ်ငန်းစဉ်များ အတွင်း ကြာချိန်၊ လူဦးရေ၊ စီးပွားရေး၊ ယဉ်ကျေးမှု၊
စွမ်းအင်၊ မော်တော်ယာဉ်နည်းပညာနှင့် လောင်စာဆီသုံးစွဲမှုပုံစံ ၊ မြေအသုံးချမှုများအား
ထည့်သွင်းစဉ်းစား ခြင်း၊ စတာတွေကို ထည့်သွင်းစဉ်းစားရမှာပါ။
ယာဉ်ကြော ကြပ်တည်းမှု လျော့ချရာမှာ
စည်းကမ်းသတ်မှတ်၍၎င်း၊ ယာဉ်အသုံးပြုသူတို့၏ အလေ့အကျင့်ကို ပြင်ဆင်ခြင်းဖြင့်၎င်း၊ လူတစ်ဦးချင်းမှ
မျှော်မှန်းထားသော လူ့ပတ်ဝန်းကျင်ကို ရောက်ရှိဖို့ လုပ်ဆောင်ရမှာပါ၊ Travel Demand
Management ၊ Travel Demand တိုင်းတာခြင်း၊ BRT/LRT စီမံချက်များ၊ ပတ်ဝန်းကျင် အခြေအနေတို့ကို
ထည့်သွင်း စဉ်းစားပေးမည်ဆိုရင် ခရီးအတွက် လိုအပ်ချက် လျော့ကျပြီး ဖြည်းဆည်း ပေးနိုင်မှု
အလိုအလျောက် ပိုလာမှာပါ။ Travel Demand Management ကို စဉ်းစားရင် ခရီးအကွာအဝေး ၊ယာဉ်တစ်စီးအသုံးပြုနိုင်မှု
၊ လမ်းကြောင်း ၊ စည်းကမ်းဥပဒေများ ၊ စရိတ်၊ ၊ အသုံးပြုသည့် အချိန်(နေ့၊ရက်၊နာရီစသည်)
တွေကို ထည့်သွင်းစဉ်းစားပြီး အရေးကြီးသည့် အချက်တွေရဲ့ အပြန်အလှန် ဆက်နွယ်မှုတွေကိုလည်း
ထည့်သွင်းစဉ်းစားရမှာပါ။
ကားကိုအခြေပြုတဲ့မြို့၊
ရထားလမ်းကို အခြေပြုသည့်မြို့၊စသဖြင့်ခွဲပြီး ယာဉ်ကြောအတွက် ကြာချိန် ၊ အများပြည်သူ
သယ်ယူ ပို့ဆောင်ရေးစနစ် ဖြစ်ပေါ်ရန် လုပ်ဆောင်ခြင်း၊ ခရီးစဉ်အတွက်အချိန်ပေးရမှု၊ ခရီးသည်များအတွက်
သတင်း အချက်အလက်များ ပေးနိုင်မှု စတာတွေကို စမ်းသပ် လုပ်ဆောင်ရမှာပါ။
အခြားအရေးပါတဲ့အချက်တွေဖြစ်တဲ့ သက်ကြီးရွယ်အို
နှင့် မသန်စွမ်း ခရီးသည်များအတွက် စဉ်းစားပေးခြင်း၊ ကားအရွယ်အစားကြီးပါက လမ်းအသုံးပြုခလျော့ချပေးခြင်း၊
အလုပ်ချိန်ပြောင်းလဲပေးခြင်း၊ စက်ဘီးငှားသည့်စနစ်၊ ကားပါကင်စနစ်၊ စတာတွေကိုလည်းစဉ်းစားရမှာပါ။တတ်နိုင်သမျှ
အဟန့်အတားကင်းတဲ့ပို့ဆောင်ရေးစနစ်( Barrier Free System) ဖြစ်ရင်ကောင်းမှာပါရေရှည်မူဝါဒအနေနဲ့အခြေခံအဆောက်အအုံတွေ
ဖွံ့ဖြိုးဖို့ ဖြစ်ပြီး စီမံချက်အစဉ်အလိုက်၊ အစိတ်အပိုင်းအလိုက်၊ ဖွံ့ဖြိုးဖို့ ဆောင်ရွက်ရမှာပါ။
ရေတိုမှာ ပို့ဆောင်ရေး ဆိုင်ရာ စီမံခန့်ခွဲမှုများအား ချမှတ်ထားသော မူဝါဒအတွင်း အကျိုးရှိအောင်
အသုံးပြုဖို့ဖြစ်ပါတယ်။
လမ်းတည်ဆောက်မှုကြောင့် စီးပွားရေးတိုးတက်မှု ၊ ကားပိုင်ဆိုင်မှု၊
ဧရိယာ အတွင်း ဖြတ်လမ်းများ ရရှိလာမှု၊ အန္တရာယ်ကင်းမှု၊ သဘာဝပတ်ဝန်းကျင် ၊ ယာဉ် မတော်တဆ ထိခိုက်မှုများ လျော့နည်းလာမှု စတဲ့ အကျိုးကျေးဇူး တွေရမှာပါ၊တစ်ဖက်မှာ လူဦးရေ
တိုးတက် လာမှု၊ စီးပွားရေး တိုးတက်လာမှု တို့ကြောင့် ယာဉ်ပိုင်ဆိုင်မှုနဲ့ ယာဉ်အသုံးပြုမှု များပြားလာပြီး ဖန်လုံအိမ်ဓါတ်ငွေ့
ပိုမို ထွက်ရှိမှုများ၊ သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ ပြဿနာများ ကြုံတွေ့ရနိုင်ပါတယ်၊ ရေရှည်
စဉ်ဆက်မပြတ် တိုးတက်ဖို့ ကြိုးပမ်းရာမှာ အစိုးရ အနေနဲ့ ဥပဒေ၊ နည်းဥပဒေ တွေနဲ့ ဆောင်ရွက်ပြီး
ပြည်သူ တွေကလည်း ဥပဒေနှင့်အညီ နေထိုင်နိုင်ရမှာပါ၊
ခရီးသည်ပို့ဆောင်ရေးနဲ့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွေကို
ကိုယ်ပိုင်ယာဉ်နဲ့ ထရပ်ကားတွေ သုံးတာကနေ BRT/LRT၊ ရထားဖြင့်
ကုန်စည် ပို့ဆောင်ရေး၊စတာတွေပြောင်းသင့်ပါတယ်၊ ဖြစ်နိုင်ချေ အတွက် ဒေသခံများ/ လုပ်ငန်းရှင်များနဲ့ အစည်းအဝေးများ၊
ကော်မတီများ၊ ကုန်ကျမည့် ငွေကြေးနှင့် အကျိုးအမြတ်များ ရုံးလုပ်ငန်း လိုအပ်ချက်များ၊
ဆောက်လုပ်ရေး
အတွင်း မြို့ဖွံ့ဖြိုးမှု အစီအမံများ စတာတွေစီစစ်ရအုံးမှာပါ။ဒေသခံများ၊ သက်ဆိုင်ရာ
အာဏာပိုင် အဖွဲ့အစည်းများ၊ပို့ဆောင်ရေး ဆိုင်ရာလုပ်ငန်းရှင်များ၊ အကြံပေးများ၊ ကျွမ်းကျင်သူများရဲ့
စိတ်ဝင်စားမှု၊ ရည်ရွယ်ချက်၊ စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှု၊ညှိနှိုင်းမှု တွေကနေ အောင်မြင်အောင်
လုပ်ရမှာပါ။
ဒေသခံများ၊ အဖွဲ့အစည်းများ၏ စိုးရိမ်မှုလျော့နည်းရန်၊
တည်ဆောက်မှုကာလအတွင်း ယာဉ်ကြော ကြပ်တည်းမှု မဖြစ်ရန် စီစဉ်ဆောင်ရွက်ရမှာပါ။ စီးပွားရေးအဖွဲ့အစည်းများ၊
ကျွမ်းကျင် ပညာရှင်များနဲ့ နည်းပညာနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ် ရမှာပါ၊အစည်းအဝေး
ရလာဒ်တွေက အမြင်တွေကို ပြောင်းလဲနိုင်မှာပါ။ ရပ်တန့်နေတဲ့ ကိစ္စွတွေကို ဖြေရှင်းလို့ရမှာပါ၊
ကျွမ်းကျင်သူတွေရဲ့ လုပ်ဆောင်မှုတွေက စီမံချက်ကို အောင်မြင်စေမှာပါ၊ စီးပွားရေးဆိုင်ရာအဖွဲ့အစည်းများနဲ့ဆွေးနွေးပြီး
အောင်မြင်ဖို့ လုပ်ရအုံးမှာပါ။
စဉ်ဆက်မပြတ် ဖွံဖြိုးရေး အတွက် စဉ်းစားရင် လူဦးရေ
တိုးလာတာနဲ့အမျှ ဆင်ခြေဖုံး ဒေသနေသူနဲ့ လူဦးရေ
ထူထပ်တဲ့ နေရာနေသူတွေ တိုးလာမှာပါ၊ဆင်ခြေဖုံးဒေသ နေသူများလာရင်
ခရီးရှည်ကြာမှု ၊ ကားအသုံးပြုနေမှု များပြားလာမှု၊တို့ကြောင့် CO2 ထွက်ရှိမှု ပိုလာပြီး သဘာဝ ပတ်ဝန်းကျင်
ဆိုင်ရာ ဝန်ထုပ်ဝန်ပိုး ဖြစ်စေမှာပါ။၊တစ်ဖက်က ကြည့်ရင် နေရာ ကျယ်ဝန်းတာဟာ သဘာဝ ပတ်ဝန်းကျင်
အတွက် ကောင်းပါတယ်၊ လူဦးရေ သိပ်သည်းတဲ့ နေရာမှာတော့ ယာဉ်ကြော ကြပ်တည်း လာပြီး
Nuclear စွမ်းအင်အပေါ် မှီခိုလာရဖို့ များလာကာ
သဘာဝ ပတ်ဝန်းကျင် ဝန်ထုပ်ဝန်ပိုး ဖြစ်စေ ပါလိမ့်မယ်၊
ဒါကို ပို့ဆောင်မှုစနစ် မြှင့်တင် ပေးခြင်း၊ မြို့လယ် နေရာများတွင် စက်ဘီးကဲ့သို့
Non Motorized Transit များ လုပ်ဆောင် ပေးခြင်းဖြင့် လျော့ချနိုင်ပါတယ်၊ လူထုပညာပေး လုပ်ငန်း တွေတော့လိုအပ်မှာပါ။
ကာဘွန်လျော့ချဘို့
နည်းပညာသစ်များ အသုံးချခြင်း၊ ဒေသအတွင်းရှိ အရင်းအမြစ်များကို အသုံးချခြင်း၊ ပို့ဆောင်ရေး
အစီအမံများနှင့် မြေအသုံးချမှု ညှိနှိုင်းပေါင်းစပ်မှုအား အချိန်နှင့်တပြေးညီ စဉ်းစားခြင်း၊စတာတွေ
လိုမှာပါ။
No comments:
Post a Comment