Tuesday, January 27, 2015

လူတွေ ဘက်စ်ကား စီးချင်လာအောင်



လူတွေ ဘက်စ်ကား စီးချင်လာအောင်





ကျွန်တော်တို့ ဆီမှာက အလုပ်သွား၊အလုပ်ပြန် အတွက်ဘဲ ဖြစ်ဖြစ်၊ဈေးဝယ် စတဲ့ အကြောင်း တစ်ခုခု ကြောင့်ဖြစ်ဖြစ် ဘက်စ်ကား စီးရတဲ့သူတွေပါ။ ဘက်စ်ကား တွေကို လူတွေ စီးပျော် ပါရဲ့လား၊ ကျွန်တော် ကတော့ မစီးချင်ပါဘူး။ ဒါပေမယ့် စီးနေရ တာပါဘဲ၊ ကိုယ်ပိုင်ကား တတ်နိုင်တဲ့ လူက ယာဉ်ကြော ကြပ်တည်းတဲ့ ကြားက သည်းခံပြီး ကိုယ့်ကား ကိုယ်စီး ၊ အငှားကား တတ်နိုင်သူကငှား၊ မတတ်နိုင်တော့မှ ဘက်စ်ကား ကို ဦးလှည့်ကြ တာပါ။
တခြား နိုင်ငံ တွေနဲ့ ယှဉ်ရင် ကားပိုင်ဆိုင်မှု အချိုးအစားက လျော့နည်းနေတုန်း ပါဘဲ။ဒါပေမယ့် လမ်းပေါ်မှာ ကားတွေပြည့်ပြီး ယာဉ်ကြောကြပ်တာ ဖြစ်နေတာ ပါဘဲ။ရန်ကုန်မြို့  ရဲ့ အချက်အခြာ နေရာ တွေက တောင်ဘက်မှာ ဆိုတော့ လူတွေက သူတို့  ဆိုင်ရာကိစ္စ တွေ အတွက် မနက်ပိုင်းမှာ မြို့ ထဲကို သွားပြီး ညနေကျတော့ ဆင်ခြေဖုံး နေရာတွေဆီ အဲဒီ အုပ်စုကြီးက ပြန်နေရတာပါ။လူစည်ကားပြီး လုပ်ငန်း အချက်အခြာ ကျတဲ့ နေရာတွေ ဖေါ်ထုတ်ဖို့ စီမံနေတာလည်း ဖတ်မိပါတယ်။ ရေရှည် လုပ်ရပြီး စိန်ခေါ်မှုတွေ အများကြီးပါ။
ကျွန်တော် အဓိက ရေးချင်တာက လမ်းတွေပေါ်မှာ ကိုယ်ပိုင် ယာဉ်ငယ်တွေ၊အခြား အငှား ယာဉ်ငယ်တွေ နည်းသွားပြီး လက်ရှိ ယာဉ်ကြောကြပ်မှု ကနေ အတိုင်းအတာ တစ်ခု လျော့သွားနိုင်ဘို့ ပါ။ မလိုအပ်ဘဲ အသုံးပြု နေရတဲ့ ကားတွေ လျော့သွားရင် သူတို့ ကြောင့် ဖြစ်တဲ့ ယာဉ်တိုက်မှု၊ ကုန်ကျတဲ့ လောင်စာဆီ၊ ပတ်ဝန်းကျင် ထိခိုက်မှု၊ စတာတွေ လည်း လျော့ကျ သွားမှာပါ။
အများ ပြည်သူ ပို့ ဆောင်ရေး စနစ် ကောင်းမွန်လာဘို့  ရေးချင် တာပါ။ ဖတ်ထားတာလေး တွေနဲ့  စဉ်းစားမိတာ လေးတွေ ရောပြီး ရေးတာပါ။ ပို့ ဆောင်ရေး မှာ အန္တရာယ် ကင်းပြီး လုံခြုံ စိတ်ချရမှု (Safety & Security) ၊ ခရီးသည် တွေ အဆင်ပြေမှု (User Friendliness)၊သဘာဝပတ်ဝန်းကျင်(Environment)၊ စတာတွေကို မဟာဗျူဟာ အနေနဲ့  စဉ်းစားရတာ တွေ့ ပါတယ်။
တစ်နေရာရာ ကို သွားမယ့်သူ တစ်ယောက်က ကိုယ့်ကားကို မသုံးဘဲ ဘက်စ်ကား/ရထား စတာတွေ သုံးချင်လာအောင် သူတို့ ရဲ့  ထင်မြင်မှုတွေ၊ အတွေးတွေ ပြောင်းအောင် လုပ်ရမှာပါ။
(က)ဘက်စ်ကား စီးရတာဟာ ကိုယ်တိုင်မောင်းပြီး သွားရတာထက် သက်တောင့် သက်သာ ရှိတယ် လို့  ခံစားရ သလား။
(ခ )ကိုယ်သွားရမယ့် ခရီးစဉ် ကို စဉ်းစားလိုက်ရင် ဘက်စ်ကား/ရထား နဲ့  သွားတာက ကိုယ့်ကားနဲ့  ကိုယ် သွားတာထက် အဆင်ပြေတယ် လို့  ခံစားရ သလား။
(ဂ )အဲဒီလို သွားတာကြောင့် ကိုယ့်ကား ကြံ့ ခိုင်မှု အလိုလို ထိန်းသိမ်း သလို ဖြစ်တယ်လို့  ခံစား ရသလား။
အဲဒီလို ခံစား လာရရင် တော့ တော်တော် များများက အများ ပြည်သူ ပို့ ဆောင်ရေး စနစ် အပေါ် ယုံကြည်ပြီး သုံးလာ ကြမှာပါ။ နောက်ပြီး ဘက်စ်ကား/ရထား တွေရဲ့ အခြေခံ လိုအပ်ချက် တွေကို ဖြည့်ဆည်း ပေးရ အုံးမှာပါ။ ဒါတွေက ကိုယ်ပိုင်ကား စီးနေတဲ့ လူတွေမှ မဟုတ်ပါဘူး။မဖြစ်မနေ စီးနေ ကြရတဲ့ ကျန်ခရီးသည် တွေအတွက် လည်း လိုအပ်မှု တွေပါ။အဲဒါတွေ ကတော့
(က)ကားဂိတ်/ဘူတာ တွေဟာ အိမ်/သွားချင်တဲ့နေရာ တွေနဲ့  လမ်းလျှောက် သွားလို့ ရတဲ့ အကွာအဝေး ဖြစ်ဘို့ လိုပါတယ်။
(ခ )မှတ်တိုင်/ဘူတာ/ရပ်နားစခန်း တွေမှာ လိုအပ် သလို အဆောက်အဦး၊ အမိုးအကာ၊ ရပ်စောင့်ဘို့ နေရာ စတာတွေ ရှိရပါမယ်။ ရပ်နားစခန်း အကြီးကြီး တွေမှာ သန့် စင်ခန်း၊ အင်တာနက် စသဖြင့် ၀န်ဆောင်မှု ကောင်းသထက် ကောင်းအောင် လုပ်ပေးဘို့  လိုပါတယ်။
(ဂ )ယာဉ်တွေက သန့် ရှင်းသပ်ရပ်ပြီး စီးတဲ့သူ လုံခြုံ စိတ်ချရဘို့  လိုပါတယ်။
(ဃ)သွားရမယ့် ခရီးစဉ် အလိုက် အချိတ်အဆက်၊ အကူးအပြောင်း လမ်းကြောင်းတွေ ကောင်းမွန်ပြီး (အချိန်မှီ ရောက်အောင်) ခရီးလမ်း ကြာချိန် ကို တွက်ဆ နိုင်ရပါမယ်။
(င )မြန်မြန် ရောက်ဘို့ နဲ့  တတ်နိုင် သမျှ ပြောင်းမစီးရဘို့  လိုပါတယ်။
(စ )ယာဉ်စီးခလျော့နည်းဘို့  လိုပါတယ်။
နောက်ထပ် ပြောချင်တာက သတင်း အချက်အလက် စနစ်ပါ။ကားမှတ်တိုင် တွေမှာ အဆင်ပြေရာ နဲ့  သွားနိုင်ဘို့ လမ်းညွှန်း၊ ဆိုင်းဘုတ်၊ မြေပုံ တွေ ရှိရမှာပါ။ နီးစပ်ရာ ကား/ရထား အချိန်စာရင်း၊ နောက်ရောက်လာမယ့် ယာဉ်ရဲ့ အချိန်၊ ကိုယ်သွားရမယ့် နေရာကို ရောက်ဖို့  ဘယ်လို သွားသင့်တယ် ဆိုတာကို အဲဒါတွေ ကို ကြည့်ပြီး ဆုံးဖြတ်လို့  ရတဲ့ အနေ အထား ဖြစ်အောင် လုပ်ပေးရ မှာပါ။ ယာဉ်/ရထား စီးနေစဉ် မှာလဲ အခု ရောက်နေတဲ့ နေရာ၊ နောက်ရောက်မယ့် နေရာ၊ စတာ တွေကို စာသားနဲ့  ဖြစ်ဖြစ်၊ အသံနဲ့  ဖြစ်ဖြစ်၊ ကြေညာပေး နေရမှာပါ၊ ခရီးသည်ရဲ့  စိုးရိမ်မှု လျော့တာပေါ့။
နောက်ပြီး သက်တောင့် သက်သာ ရှိဘို့  ဘယ်လို လုပ်ပေးနိုင် မလဲ ဆိုတာပါ၊ မစီးမဖြစ် လို့ သာ စီးရပေမယ့် သက်တောင့် သက်သာ မရှိဘူး ဆိုရင် နောက်တစ်ခါ မစီးဘဲ နေလို့  ရရင် စီးတော့မှာ မဟုတ်ပါဘူး။ အထူးသဖြင့် ယာဉ်တွေမှာ ပသာဒ ဖြစ်ဖို့ လိုပါတယ်။ ယာဉ် အတွင်း/အပြင် သန့် ရှင်းမှု၊ ခုံ/လက်ကိုင် တွေ ကောင်းမွန်မှု၊ ယာဉ်စီးနေတဲ့ အချိန် လေအေး ပေးစက်၊ပြတင်းပေါက် တွေ ကောင်းမွန်မှု၊ အနံ့ အသက်၊ဆူညံသံ စသဖြင့်ပါ။ ဒါတွေက လိုကို လိုအပ်တဲ့ အရာတွေ ဖြစ်ပေမယ့် ကျွန်တော်တို့ ဆီမှာတော့ မင်းမစီးလဲ တခြားလူ စီးမယ်၊ ဒါက အပြင်ရွေးစရာ မရှိတော့ ဒါကိုဘဲ စီးနေရ တာပါ။
နောက်ပြီး ယာဉ်စီးခ ပါ။ ယာဉ်စီးခကို တတ်နိုင်သမျှ လျော့ချပြီး ငွေပေးချေမှု ကို ကဒ် စနစ်ပြောင်းပေး နိုင်ရင် အစပိုင်း ခက်ပေမယ့် နောက်ပိုင်း ခရီးသည် တွေ၊ ၀န်ထမ်းတွေ အတွေ့ အကြုံ ရလာရင် အဆင်ပြေပြီး မှန်ကန် မြန်ဆန် လာတဲ့အကျိုးတွေ ရမှာပါ။ ကဒ် ဆိုတဲ့ နေရာ မှာလည်း ဘယ်ကား၊ ဘယ်ရထား စီးစီး သုံးလို့ ရတဲ့ ကဒ်ဖြစ်ရင် ကောင်းတာပေါ့။ လက်မှတ်ရောင်း (စပယ်ယာ) ကတော့ ရှိနေရ အုံးမှာပါ။
ဒီလို ၀န်ဆောင်မှု တွေကို လုပ်ပေးနိုင်ရင် တစ်ဦးချင်း ကားသုံးတဲ့ သူတွေ လျော့သွား မှာပါ။အကျိုးဆက် အနေနဲ့  ယာဉ်ကြောကြပ်တာ၊ ရပ်စရာ ကားပါကင် မရှိတဲ့ ပြဿနာ၊ ကိုယ်ပိုင်ယာဉ်တွေကြောင့် ဖြစ်တဲ့ မတော်တဆ ထိခိုက်မှု၊ လေထု ညစ်ညမ်းမှု တွေ လျော့သွား နိုင်ပါတယ်။
နောက်ပြီး အများ ပြည်သူ ပို့ ဆောင်ရေးစနစ် ပိုကောင်း စေချင်တဲ့ အကြောင်းအရာ တွေကို ရေးချင်ပါတယ်။ အဲဒါတွေ ကတော့ လမ်းပေါ်မှာ ကားတွေ များလေလေ
(က)လေထုညစ်ညမ်းမှု များလာပါတယ်၊ ရာသီဥတု ပြောင်းလဲမှု ဖြစ်စေတဲ့ ဖန်လုံအိမ် အာနိသင်ရှိတဲ့ ဓါတ်ငွေ့  တွေ ထုတ်လွှင်မှု များလာပါတယ်။
(ခ )ယာဉ်တိုက်မှု တွေ များလာပါတယ်။
(ဂ )ဆူညံသံ တွေ များလာပါတယ်။
(ဃ)လူတွေမှာ စိတ်ရောကိုယ်ပါ ရောဂါတွေ ရလာပါတယ်။
(င )အများပြည်သူ ဆိုင်ရာ နေရာတွေ ပျောက်ပြီး ကားရပ်တဲ့ နေရာတွေ ဖြစ်လာ ပါတယ်၊ခြေလျှင်လျှောက်၊ စက်ဘီးစီး ရတဲ့ နေရာတွေဟာ ယာယီ ကားပါကင် ဖြစ်သွားတော့ တာပါဘဲ။
ဥရောပယူနီယံ နိုင်ငံ တွေမှာ ဖန်လုံအိမ် ဓါတ်ငွေ့  ထုတ်လွှင့်မှုရဲ့  ၂၃% က ကုန်းလမ်း ပို့ ဆောင်ရေး ကြောင့်ပါ။ သြစတေးလျမှာ ၂၀၁၂ ခန့် မှန်းချက်အရ ကိုယ်ပိုင် ယာဉ်ငယ်တွေ ကြောင့် ၁၄.၄% ရှိပါတယ်။ ဒါကြောင့် သူတို့ ဆီမှာ ကိုယ်ပိုင်ယာဉ် သုံးတာ လျှော့ပြီး အများပြည်သူ ပို့ ဆောင်ရေး နဲ့  စက်ဘီးစီး၊ လမ်းလျှောက် စတာတွေကို အလေးပေး လာပါတယ်။ လေ့လာမှု တွေအရ လူတွေရဲ့  ကျန်းမာရေး၊စာရိတ္တ တွေ ပိုကောင်းလာပြီး သက်တမ်း ပိုရှည် လာနိုင်တယ် လို့  သိရပါတယ်။
ဖတ်မိသလောက် ခရီးသွားလာမှု အများဆုံးအချိန်မှာ အများပြည်သူ ပို့ ဆောင်ရေး ယာဉ်ကို သုံးခြင်းဟာ ကိုယ်ပိုင်ယာဉ်သုံးသွားတာထက် အဆိပ်ဓါတ်ငွေ့ ထုတ်လွှင့်မှု ၆-ဆ လျော့တယ်လို့ သိရပါတယ်။


Ref; ; http://www.vtpi.org/tdm/tdm112.htm
           www.factum.at/ REDUCING CAR TRIPS BY PROMOTING ALTERNATIVE MODES OF
TRANSPORTATION(PDF)

Thursday, January 15, 2015

ကျောက်ဇကာ



ကျောက်ဇကာ 


 

 Ref; http://s.hswstatic.com/gif/catalytic-converter-location.jpg
ဟိုဟိုဒီဒီ လျှောက်ဖတ်ထားတဲ့ ကျောက်ဇကာ(CatalyticConverter) တွေ အကြောင်း ရေးချင်ပါတယ်။ မော်တော်ကားတွေမှာ ကျောက်ဇကာ   တပ်ရတာက အိပ်ဇော ငွေ.မှာ  ပါတဲ့ အဆိပ်ဖြစ်စေတဲ့ ဓါတ်ငွေ. တွေ လျော့အောင် လို့ပါ၊ ပြီးပြည့်စုံတဲ့ မီးလောင် ပေါက်ကွဲ မှုမဖြစ်လို့ ကျန်ခဲ့တဲ့ ဟိုက်ဒရိုကာဘွန် ( HC )တွေနဲ့ကာဘွန်မိုနော့ဆိုက် ( CO ) တွေကို ဓါတ်ကူပစ္စည်း (Catalyst) တွေနဲ့ ဓါတ်တိုးပြီး  ကာဘွန်ဒိုင်အောက်ဆိုက် ( CO2) နဲ့ ရေ ( H2O ) ဖြစ်သွားအောင် လုပ်တဲ့( 2 Way )  နဲ့ နိုက်ထရိုဂျင် အောက်ဆိုက် အမျိုးမျိုး ကို ဓါတ်လျော့စေပြီးနိုက်ထရိုဂျင် နဲ့အောက်ဆီဂျင် အဖြစ် ဓါတ်လျော့စေတဲ့ ( 3 Way )ဆိုပြီး (၂)မျိုးရှိတာတွေ့ရပါတယ်။
အမေရိကန်မှာ  Clean Air Act   အရ ၁၉၇၅ ခုနှစ် နောက်ပိုင်း ကားတွေမှာ ညစ်ညမ်း ဓါတ်ငွေ့  ထုတ်လွှတ်မှုကို   ၇၅%   အထိလျှော့ချဘို့  လုပ်ဆောင်ပါတယ်၊ US EPA က အိတ်ဇောငွေ့ တွေနဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေ ထုတ်ပြန်ပြီး   ၁၉၇၅   ကစလို့ ဓါတ်ဆီကား တွေမှာစတင် တပ်ဆင်  အသုံးပြုတာပါ။
ကျောက်ဇကာတွေကို အင်ဂျင်အထွက် အိတ်ဇောပိုက်မှာ တပ်ဆင်ပါတယ်၊ ပထမပိုင်း ကျောက်ဇကာတွေမှာ အောက်ဆီဂျင် ကိုထပ်ပြီးထည့်ရတဲ့စနစ်ဖြစ်ပြီး နောက်ပိုင်း မှာတော့ ( Sensor ) နဲ့ဘဲ အလုပ်လုပ်ပြီး လေနဲ့ဆီ အရောအနှော ကို ထိန်းပေးပါတယ်။
သူတို့ဟာ ကားက ထွက်တဲ့ အဆိပ်ဓါတ်ငွေ့ တွေကို လျှော့ချ နိုင်ပေမယ့် ထွက်လာတဲ့ ကာဘွန်ဒိုင်အောက်ဆိုက် ကလည်း  ကမ္ဘာကြီး ပူနွေးမှု  (Global Warming )   ဖြစ်စေတဲ့   ဓါတ်ငွေ့ ဖြစ်လို့  ဆိုးကျိုးအနေနဲ့ တော့ ရှိတာပါဘဲ။
ကျောက်ဇကာကို စပြီးတီထွင်သူ ကတော့ ရေနံ သန့်စင် လုပ်ငန်းတွေမှာ ကျွမ်းကျင်သူ ပြင်သစ်လူမျိုး၊အင်ဂျင်နီယာ Eugene Houndry ပါ။
ကျောက်ဇကာမှာ ပါတဲ့ ဓါတ်ကူပစ္စည်း အဖြစ် သုံးတဲ့ Platinum,Pallidium, Rhodium လိုသတ္ထု တွေဟာ ရှားပါးပြီး   ကြီးပါတယ်။   အသုံးပြု   သက်တမ်း ကြာလာရင် ဓါတ်ပြု နိုင်တဲ့ အရည်အသွေး  ကျလာတာ မို့လို့  အသစ်  လဲတပ်ရပါတယ်။  မလိုအပ်ဘဲ လဲ တပ်ချင်ရင်လည်း   ဥပဒေ နဲ့ တားမြစ် ထားပါတယ်။ လေ့လာရ သလောက် အောက်ပါ   အခြေ အနေ တွေမှာ အစားထိုး လဲလှယ် တပ်ဆင် ရပါတယ်။
( က )ကျောက်ဇကာမှားတပ်ထားရင်၊
(    )ယာဉ်စစ်ဆေးချက်အရ လဲတပ်ဖို့လိုအပ်ရင်၊
(    ) ၁၉၉၆ ခုနှစ်ထက်စောပြီး ထုတ်တဲ့ကား တွေမှာ ခရီးတာ မိုင်ငါးသောင်း                                                    ကျော်သွားရင်၊
( ဃ ) ပါရှိတဲ့ ကားတွေမှာ ထုတ်လုပ်မှု သက်တမ်း ရှစ်နှစ်ကျော်၊ ဒါမှမဟုတ်        မိုင်ရှစ်သောင်း သွားပြီးရင်၊
အဲဒီလို အစားထိုး   လဲလှယ် တပ်ဆင်မယ်   ဆိုရင် လည်း အောက်ပါ အချက် တွေနဲ့ ပြည့်စုံ ရမှာပါ၊
( က )မူလ နေရာမှာဘဲ တပ်ဆင် ရပါတယ်၊
(    )မူလအမျိုးအစား ( 2-way,3-way စသဖြင့် ) တပ်ဆင်ရပါတယ်၊
(    )ယာဉ်ထုတ်လုပ်တဲ့ကုမ္မဏီ ကသင့်တော်တယ်လို့သတ်မှတ် ထားတဲ့  
        ထုတ်လုပ် ပုံစံဖြစ်ရပါမယ်၊
( ဃ )လေသွင်းရတဲ့ အစိတ်အပိုင်း ၊ နေရာတွေ ပါရင် အဲဒါတွေ ကောင်းမွန်စွာ              
        တပ်ဆင်နိုင်ရပါမယ်၊
(  င )အခြား ထူးခြားတဲ့ အသုံးပြုဘို့ ရည်ရွယ်ချက် ရှိခဲ့ရင် လိုအပ်တဲ့ အခြား
       ပုံစံ ကိုတပ်ရပါတယ်၊
(  စ )တပ်ဆင်တဲ့ ကုမ္မဏီ က အာမခံ အချက်အလက် တွေ ပါရပါတယ်၊
လေ့လာ   ကြည့်သလောက်တော့ ဓါတ်ဆီကား တွေမှာ  ကျောက်ဇကာ   မပါခင်က အိတ်ဇောငွေ့ ထဲ ကာဘွန်မိုနော့ဆိုက်( CO )ပါရှိမှုဟာ အိတ်ဇောငွေ့ ထုထည်ရဲ့ ၃.၅% လောက်ကနေ ကျောက်ဇကာ တပ်ထားတဲ့    ၁၉၉၇   နောက်ပိုင်းကား တွေ မှာ  ၀.၅% လောက်သာ  ပါရှိ တော့တာ တွေ့ရပါတယ်။
                   http://dev.nsta.org/evwebs/3368/History/History.htm