Wednesday, August 23, 2017

လျှပ်စစ်ဘယ်ကရမလဲ



How could we get power?

          Global climate change is a popular talking point in our societies. But, most of people do not know what it happens. I am a citizen of a developing country. People are peaceful lives in their life. Almost of the people are struggle for their life. Their faces are smile even they are luck of properties, education, health care and so on.
          The case that I want to write is for developing our land. Nearly 70% 0f villages have not power supply. That is not a definite factor and only assumptive of my mind. Some people use small solar panel for light at night and to charge their hand phone. They use coals and fire woods for cooking. For this purpose, they need a lot of trees whether these trees are large or small. The only one they know is these tree can use for their home. They may know more than it, but they have no other choices for fuel. It may be to build their homes, to build shelters for their animals, cows, and goats; and to use for energy. They do not know deforestation and it influences in climate change.
          The subject that I would like to say is for their power supply (electricity). If they get electrical power supply, they can do a lot of things. Their region would be rapid growth. It is a fact that cannot refuse. There are a lot of dams in here. But these dams cannot produce power. On the other hands, it needs much capital and technology. Renewable energy needs the above challenges. Production by nuclear energy is a dream in this time. Domestic usage for lighting is familiar with small solar panel made by neighbor countries. It cannot perform for several usages.
          Policy makers are considering coal factories to produce electricity. Unfortunately, this concept is concerned with environmental and social defects. Some Environmentalists do not want to implement these factories with their several reasons. Native people are afraid of their livings .They worry for their farms that will locate in project area and the responsibility of authorities. And they are anxious in plant operation defects such as smoke and wastes that could cause disadvantages their health and their farms. Most of people do not know Environmental Impact Assessment (EIA), Social Impact Assessment (SIA) and Corporate Social Responsibility (CSR). In fact, I am a man in these people. But I know that we can get jobs and power for lighting, cooking and other tasks we want to do. In actual, our nation needs power urgently in all sectors. Everybody knows about this one. Turbines and engine are easy but operation cost is apparently high. Other ways are taken long term. Capital, technique and other facts that we do not know are required.
          So, the Question is “how can we get power?” We should consider about early stages of developed countries. What are their earlier steps? What are their forces for developing? At that time, they should know about climate change? And why are they still using coal factories for electric power supply? There are so many thoughts to me as a normal citizen. At the same time, I would not let my children as a citizen of third world. But I am afraid of several disasters caused by climate change and it suffers to new generations too. Please let me share my complicated thoughts to you.




လျှပ်စစ်ဘယ်ကရမလဲ
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဟာ ကျွန်တော်တို့ အသိုင်းအဝိုင်းမှာ ပြောနေကျ စကားဖြစ်နေပါပြီ။ ဒါပေမယ့် ပြောနေတဲ့သူတွေကိုယ်တိုင် ဘာကြောင့်ဖြစ်ရတယ် ဆိုတာကို‌ ရေရေရာရာ မသိကြပါဘူး။ သိဘို့လဲ လိုမယ်မထင်ပါဘူး။ အကြမ်းဖျင်းတော့ ဗဟုသုတ အနေနဲ့ဖြစ်ဖြစ်၊ ဆောင်ရန်ရှောင်ရန် အနေနဲ့ဖြစ်ဖြစ် သိထားသင့်တာပါ။ ကျွန်တော်တို့နိုင်ငံကဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံပါ။ လူတွေက ကိုယ့်ဘဝကိုကိုယ် ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်း နေကြတာပါ။ အကုန်နီးပါးဟာ ဘဝရှင်သန်ရေးအတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ် ရုန်းကန်နေကြပါတယ်။ ပိုင်ဆိုင်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး စသဖြင့်အားနည်းပေမယ့် သူတို့တွေက အပြုံးမျက်နှာတွေပါ။
  ရေးချင်တဲ့အချက်ကတော့ တိုင်းပြည်ဖွံ့ဖြိုးဘို့ လျှပ်စစ်ဓါတ်အား လိုနေတာကိုပါ။ ရွာတွေရဲ့ ၇၀% ကျော်ဟာလျှပ်စစ်မီးမရှိသေးပါဘူး။ ဒါကသေချာတဲ့ ကိန်းဂဏန်း မဟုတ်ပါဘူး၊ ကျွန်တော့်အထင်အမြင်ခန့်မှန်းချက်ပါ။  တချို့လူတွေကများသောအားဖြင့် ညမီးလင်းဘို့နဲ့ လက်ကိုင်ဖုန်းတွေ အားသွင်းဘို့ ဆိုလာပြားတွေ သုံးကြပါတယ်။ ချက်ပြုတ်ရေးအတွက်တော့ ထင်း၊မီးသွေးတွေ သုံးကြပါတယ်။ အဲဒီအတွက် သစ်ပင်တွေကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ အများကြီးလိုပါတယ်။ သူတို့သိတာက အဲဒီအပင်တွေဟာ သူတို့အိမ်အတွက် သုံးလို့ရတယ်ဆိုတာပါဘဲ။ ဒီထက်ပိုသိချင် သိပါလိမ့်မယ်။ လောင်စာအတွက် ရွေးစရာလမ်းက မရှိသေးပါဘူး။ အိမ်ဆောက်မယ်၊ ဆိတ်တွေနွားတွေအတွက် တင်းကုပ်တွေဆောက်မယ်၊ နောက်ပြီး လောင်စာအတွက် သုံးပါတယ်။ သူတို့က သစ်တောပြုန်းတီးမှုကို မသိသလို အဲဒါက ရာသီဥတု ပြောင်းလဲစေတယ်ဆိုတာ မသိကြပါဘူး။
ကျွန်တော်ပြောချင်တဲ့ အကြောင်းက သူတို့အတွက်လျှပ်စစ်ရရှိဘို့ပါ။ လျှပ်စစ်သာ ရရင် သူတို့လုပ်နိုင်တဲ့ ပမာဏဟာ အရမ်းကို များသွား ပါလိမ့်မယ်၊ အဲဒီဒေသဟာ အမြန် တိုးတက်သွားပါလိမ့်မယ်။ဒါဟာငြင်းလို့မရတဲ့အချက်ပါ။ဒီမှာဆည်တွေအများကြီးရှိပါ တယ်၊ ဒါပေမယ့်လျှပ်စစ်မထုတ်နိုင်ပါဘူး။တခြားဘက်ကကြည့်ရင် နည်းပညာနဲ့ အရင်း အနှီး ကြီးမား ပါတယ်။ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေမှာ အပေါ်က ဖေါ်ပြ ထားတဲ့ အခက် အခဲတွေရှိပါတယ်။နူကလီးယားစွမ်းအင်နဲ့ထုတ်နိုင်ဘို့ကဒီအချိန်မှာအိပ်မက်သာသာပါဘဲ။ မီးထွန်းဘို့ အတွက် အိမ်နီးချင်းနိုင်ငံတွေက ဆိုလာပြားတွေ ဝယ်သုံးတာက အသားကျနေပါပြီ။ အထွေထွေ တော့မသုံးနိုင်ဘူးပေါ့။
မူဝါဒ ရေးဆွဲသူတွေက ကျောက်မီးသွေးကနေ လျှပ်စစ်ထုတ်ဘို့ စဉ်းစားကြ ပါတယ်။ကံမကောင်းတာက အဲဒါဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှု ရေးရာတွေမှာ သွားပြီးဆက်နွယ်နေတာပါ။ ဒေသခံတွေ အနေနဲ့လည်း အနေအထိုင် ပျက်မှာ စိုးရိမ် နေကြပါတယ်။ စက်ရုံအတွက် ပေးလိုက်ရတဲ့ မြေနေရာတွေမှာ သူတို့မြေတွေ ပါဝင်နေမှာနဲ့ အစိုးရရဲ့ တာဝန်ခံမှုကိုလည်း စိုးရိမ်ကြတာပါ။ စက်ရုံ လည်ပတ်ရင် ထွက်လာမယ့် မီးခိုးငွေ့တွေ၊ စွန့်ပစ် ပစ္စည်းတွေရဲ့ဆိုးကျိုးတွေကြောင့်သူတို့ကျန်းမာရေးနဲ့လယ်မြေတွေ ထိခိုက်မှာကိုလည်း စိုးရိမ်ကြ ပါတယ်။ လူတော်တော် များများကပတ်ဝန်းကျင်ထိခိုက်မှုကိုဆန်းစစ်တဲ့အစီရင်ခံစာတွေ၊လူမှုရေးရာ ထိခိုက်မှုကို ဆန်းစစ်တဲ့အစီရင်ခံစာတွေ၊စက်ရုံလာတည်တဲ့အဖွဲ့အစည်းကသူတို့အတွက် ဘာလုပ် ပေးမလဲ ဆိုတာတွေ မသိကြပါဘူး။ အမှန်ပြောရရင် ကျွန်တော်လည်း အဲဒီလူတွေနဲ့ တူတူပါဘဲ။ဒါပေမယ့်ကျွန်တော်သိတာက အလုပ် အကိုင်တွေ ရမယ်။ ချက်ပြုတ်ရေး၊ မီးလင်းရေးနဲ့အခြား ကိုယ်လုပ်ချင်တာတွေအတွက် လျှပ်စစ်ရမယ်ဆိုတာပါ။ အမှန် အားဖြင့် ကျွန်တော်တို့နိုင်ငံကလျှပ်စစ်ကိုအရေးတကြီးလိုအပ်နေတာပါ။ ကဏ္ဍ ပေါင်းစုံမှာပေါ့။ လူတိုင်းလည်း သိကြပါတယ်။ တာဘိုင်တွေ၊ အင်ဂျင်တွေက လွယ်ပါတယ်။ ဒါပေမယ့် ထုတ်လုပ်မှုစရိတ် သိသိသာသာ မြင့်ပါတယ်။ တခြား နည်းလမ်းတွေက အချိန်ယူရပါတယ်။ အရင်းအနှီး၊ နည်းပညာနဲ့ ကျွန်တော်တို့ မသိတဲ့ အရာတွေ အများကြီးလိုပါတယ်။
ဒါဆိုရင် ကျွန်တော်တို့ လျှပ်စစ်ဘယ်ကရမှာလဲဆိုတာ မေးစရာဖြစ်လာပါတယ်။ တိုးတက်တဲ့ နိုင်ငံတွေရဲ့ စောစောပိုင်းအခြေအနေတွေကိုစဉ်းစားသင့်တယ်ထင်ပါတယ်။ သူတို့ ဘယ်လိုစခဲ့ကြသလဲ။ သူတို့တိုးတက်ဘို့ မောင်းနှင်အားတွေကဘာလဲ။ အဲဒီတုန်းက သူတို့ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်ကိုသိပြီလား။ ဘာလို့ခုထက်ထိသူတို့ ကျောက်မီးသွေးကနေ လျှပ်စစ်ထုတ်နေသေးတာလဲ။ ကျွန်တော့်လို သာမာန်လူ တစ်ယောက်အတွက် အတွေးတွေအများကြီး ဝင်လာပါတယ်။ တစ်ချိန်တည်းမှာဘဲ ကိုယ့်သားသမီးတွေကို တတိယကမ္ဘာက နိုင်ငံသားတစ်ဦးအဖြစ် မထားခဲ့ချင်ပါဘူး။ ဒါပေမယ့် ကျွန်တော်လဲ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်တဲ့ သဘာဝဘေးဒဏ်တွေကို ကျွန်တော်ကြောက်ပါတယ်။ နောက်မျိုးဆက်တွေ အတွက်ရောပေါ့။ ကျွန်တော့်ရဲ့ ရှုပ်ထွေး နေတဲ့ အတွေးတွေကို မျှဝေလိုက်တာပါ။

Thursday, January 26, 2017

ယာဉ်တိုက်မှုမဖြစ်ရန် နှင့် ယာဉ်တိုက်အပြီး ဘေးကင်းလုံခြုံမှု(အပိုင်း-၂) Active and Passive Safety for Automobile(Part-2) ရှေ့လေကာမှန်/ ယာဉ်အတွင်းအသံ ဆူညံမှုနည်းပါးခြင်း



ယာဉ်တိုက်မှုမဖြစ်ရန် ( Active safety ) ရှေ့လေကာမှန်/ ယာဉ်အတွင်းအသံ ဆူညံမှုနည်းပါးခြင်း

ယာဉ်မောင်းမြင်ကွင်းကောင်းမွန်ခြင်း၊ယာဉ်အတွင်းအသံဆူညံမှုနည်းပါးခြင်း၊အချက်ပြများ မှန်ကန်မှု နှင့် ကောင်းမွန်မှု၊ လမ်းနှင့် ထိတွေ့မှု ကောင်းမွန်မှု စတာတွေဟာ ယာဉ်တိုက်မှု မဖြစ်ဘို့ ကာကွယ်ရာမှာအဓိက ထင်သာမြင်သာဖြစ်တဲ့ အချက်တွေပါ၊
 ရှေ့လေကာမှန်ကြောင့် ယာဉ်မောင်းဆီကို ဝင်လာမယ့် ဖုန်မှုန့်၊ မိုးရေ စတာတွေကိုကာကွယ်နိုင်တယ်၊ ( ကလေးကအစ သိပြီးသားပါ) ရေသုတ်တံ( wiper ) နဲ့ ရေဖြန်းပေးတဲ့ကိရိယာ (wiper washer ) က မြင်ကွင်းကို ရှင်းလင်း စေမှာပါ။ နောက်ကြည့်မှန်တွေကတော့ ကိုယ့်နောက်က ယာဉ်ကြော အခြေအနေ ကိုသိနိုင်မှာပါ။ ဒီတော့ အဲဒါတွေ ကောင်းမွန်စွာအသုံးပြုနိုင်မှု ရှိ/မရှိ သိဘို့ လိုအပ် လာပါတယ်။ ရှေ့လေကာမှန် အက်ကွဲမှုတွေဟာယာဉ်မောင်း မြင်ကွင်းကိုကွယ်နိုင်သလား၊ မြင်ကွင်းကို ထိခိုက်မှုန်ဝါးစေသလား ဆိုတာတွေကိုဆန်းစစ် စစ်ဆေးဘို့ လိုလာပါတယ်။ စက်နဲ့စစ်လို့မရဘဲ မျက်မြင်ဆုံးဖြတ်ရတာပါ။ နိုင်ငံအချို့မှာ မှန်တွေကို အောက်ပါအတိုင်း စစ်ဆေးဘို့ သတ်မှတ်ထားတာတွေ့ရပါတယ်။
(က) ရှေ့လေကာမှန်၊ ဘေးမှန်နှင့် နောက် ပိတ် မှန်အားလုံး၏လုံခြုံစိတ်ချရမှုနှင့်
        မျက်မြင် အခြေအနေကို စစ်ဆေးရန်
(ခ) ရှေ့မှန်ကြီးတွင် လုံခြုံရေးမှန်(Safety Glass  )အမှတ်အသားပါ/ မပါ စစ်ဆေးရန်
(ဂ)ယာဉ်မောင်း ထိုင်ခုံမှကြည့်လျှင် လုံလောက်သော မြင်ကွင်း ရရှိရန်နှင့် ၎င်းကို
    အရာဝတ္ထုများ၊ စတစ်ကာများဖြင့် ကွယ်နေမှု ရှိ/ မရှိ စစ်ဆေးရန်
(ဃ) ယာဉ်မောင်းဘေးပြတင်းပေါက် ကောင်းမွန်စွာ အသုံးပြုနိုင်မှု  ရှိ/ မရှိ စစ်ဆေးရန်
ရှေ့လေကာမှန်ကြီးကို ဇုံ ( ၃ ) ခု ခွဲပြီး စစ်ဆေးကြတာတွေ့ရပါတယ်၊၊အောက်မှာ ပုံနဲ့ တင်ပြထားပါတယ်။
ဇုံ-A မှာ ကွဲအက်မှု ရှိရင် စက်ဝိုင်းပုံပမာဏဟာ ၁၀ mm ထက်မပိုရပါဘူး၊ ကွဲအက်မှုဟာ ၂-ခုထက်မပိုရတဲ့ အပြင် ၎င်းတို့ရဲ့ အကွာအဝေးဟာ ၁၀၀ mm  (၄-လက်မ)ထက် ပိုရပါမယ်။
ဇုံ-B မှာ ကွဲအက်မှု ရှိရင် စက်ဝိုင်းပုံပမာဏဟာ ၂၀ mm ထက်မပိုရပါဘူး၊ အက်ကွဲကြောင်းဆိုရင် ၃၀ mm အောက်ဖြစ်ရပါမယ်။ ကွဲအက်မှု/အက်ကွဲကြောင်းဟာ ၂-ခုထက်မပိုရတဲ့ အပြင် ၎င်းတို့ရဲ့ အကွာအဝေးဟာ ၁၀၀ mm  (၄-လက်မ)ထက် ပိုရပါမယ်။
ဇုံ-C မှာ ကွဲအက်မှု ရှိရင် စက်ဝိုင်းပုံပမာဏဟာ ၄၀ mm(တစ်လက်မခွဲ) ထက်မပိုရပါဘူး၊ ကွဲအက်မှုဟာ ၂-ခုထက်မပိုရတဲ့ အပြင် ၎င်းတို့ရဲ့ အကွာအဝေးဟာ ၁၀၀ mm  (၄-လက်မ)ထက် ပိုရပါမယ်။
ကျွန်တော်တို့ဆီမှာတော့ အပိုပစ္စည်း ရှားပါးမှု၊တချို့ကားတွေမှာ မှာယူမှုတွေအတွက် ပေးရတဲ့အချိန်၊ အပိုပစ္စည်းတွေရဲ့ဈေးနှုန်း တွေကြောင့် အဲဒီလိုသေချာမသတ်မှတ်နိုင်တာ ထင်ပါတယ်။
ယာဉ်အတွင်းအသံ ဆူညံမှုနည်းပါးခြင်းဟာ ယာဉ်မောင်းကို အာရုံစူးစိုက်မှု ကောင်းမွန်စေတဲ့အပြင် ယာဉ်ကထွက်ပေါ်တဲ့ ပုံသဏ္ဍာန်မမှန်တဲ့ အသံတွေ အခြားယာဉ်တွေရဲ့ အသံနဲ့ အချက်ပြမှုတွေကို ကြိုတင်သိနိုင်မှာပါ။
အင်ဂျင်နဲ့လမ်းကြောင့်ဖြစ်ပေါ်တဲ့ အသံတွေကြောင့် ယာဉ်စီးနင်းသူတွေ အနှောင့်အယှက် မဖြစ်အောင်ခရီးသည်ထိုင်တဲ့ နေရာတွေကို သီးသန့်ဒီဇိုင်း ပြုလုပ်ထားလေ့ ရှိပါတယ်။ အသံကိုစုပ်ယူဘို့ တပ်ဆင်ရတဲ့ ပစ္စည်းတွေက ယာဉ်ကိုအလေးချိန် ပိုတိုးစေပြီး ဈေးကြီးတာကြောင့် ဆူညံသံတွေ လျော့ချနိုင်မယ့် နည်းလမ်းတွေ ရှာဖွေနေကြတာလေ့လာ ရပါတယ်။
ဥပမာအားဖြင့် ယာဉ်မှာတပ်ထားတဲ့ မိုက်ကရိုဖုန်းလေးတွေက တဆင့် အသံလှိုင်းကို အာရုံခံပြီး ကြိမ်နှုန်းတူညီတဲ့ တန်ပြန်အသံလှိုင်းကို စပီကာလေးတွေက ပြန်ထုတ်ပေးပြီး ချေဖျက်တာပါ။ ဒါပေမယ့် ကြိမ်နှုန်းတွေက မတူညီ၊ များပြားလွန်းတဲ့အတွက် လက်တွေ့ လုပ်ဆောင်စမ်းသပ်မှု တွေမှာ တော်တော်ခက်တယ်လို့သိရပါတယ်။ လောလောဆယ်မှာတော့ ပုံမှန်မောင်းနှင်ချိန်မှာ ထွက်တဲ့ ဆူညံသံတွေကိုဘဲ ချေဖျက်လို့ ရသေးတယ်လို့ လေ့လာရပါတယ်။
နောက်ပိုင်းစမ်းသပ်မှုတွေမှာ အင်ဂျင်အဝင်နဲ့အထွက်မှာ အပေါ်ကတင်ပြတဲ့ အလားတူ စနစ်မျိုးနဲ့ ဆူညံသံတွေ လျော့ချနိုင်အောင်၊ ယာဉ်အမြန်နှုန်းအရ တွက်ချက်ပြီး တချို့ဆလင်ဒါတွေအလုပ်မလုပ်အောင်(deactivate)နည်းစနစ်တွေ ရှာဖွေနေတာကို လေ့လာ ရပါတယ်။ ဒီစနစ်တွေကိုလည်း နောက်ပိုင်းမှာ (Electronic Control Module)  နဲ့ဘဲချိတ်ဆက်ဆောင်ရွက်ရမှာပါ။
ယာဉ်အတွင်း အသံဆူညံမှုလျော့သွားရင် စီးနင်းသူတွေ စိတ်အနှောင့်အယှက်ဖြစ်မှု လျော့နိုင်ပြီး ယာဉ်မောင်းရဲ့ မော်တော်ယာဉ် ထိန်းသိမ်းမှု အပိုင်းမှာလည်း ပိုပြီး ကောင်းလာမှာပါ။ အထူးသဖြင့် ယာဉ်ဟောင်းတွေများနေသေးတဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ အခြေအနေမှာယာဉ်က ထွက်တဲ့ ပုံမှန်မဟုတ်တဲ့အသံတွေ၊ အခြားယာဉ်တွေရဲ့အချက်ပြမှုတွေ၊ ရုတ်တရက် ဖြစ်လာနိုင်တဲ့ မလိုလားအပ်တဲ့ ယာဉ်တိုက်မှု ဖြစ်နိုင်တဲ့ အခြေအနေတွေကိုပိုပြီး သတိထား မိလာမှာပါ။
တကယ်တော့ အသံဆူညံမှု နည်းပါးအောင်လုပ်တာဟာ စီးနင်းသူတွေ သက်တောင့် သက်သာ ရှိဘို့နဲ့ ပတ်ဝန်းကျင်ဆူညံမှု စံညွှန်းတွေနဲ့ ညီအောင် ထိန်းချုပ်နိုင်ဘို့ပါ။
Active Noise Cancellation (ANC) ကိုစောစောကတင်ပြတဲ့အသံလှိုင်းတွေ တန်ပြန်ထုတ်လွှင့်ပေးတာကကစပြီး ခေတ်မှီယာဉ်တွေမှာ တပ်ဆင်နေပြီလို့ လေ့လာရပါတယ်။