Friday, May 13, 2016

Lambda ဆိုသည္မွာ



မီးခိုးငွေ့ စစ်ဆေးတဲ့အခါ
Lambda ဆိုတာဘာပါလဲ။

Lambda ဆိုတာကအောက်ဆီဂျင် အချိုးပါ။ အင်ဂျင်ခန်းအတွင်း မီးလောင်ပေါက်ကွဲမှု ဖြစ်စဉ်မှာ ရှိနေတဲ့ အောက်ဆီဂျင်နဲ့ လောင်စာဆီတွေ အပြည့်အဝ လောင်ကျွမ်းဘို့ လိုအပ်တဲ့ အောက်ဆီဂျင် အချိုးပါ။ ညီမျှခြင်း အရဆိုရင် အောက်ပါအတိုင်း တွေ့ရပါမယ်။

                  
Lambda နဲ့ ဆီ/ ရေ အရောအနှော ( Air Fuel Ratio)
သီအိုရီ အရ စဉ်းစားရင် အင်ဂျင်ရဲ့ မီးလောင် ပေါက်ကွဲမှု ဖြစ်စဉ်အတွင်းမှာ လေထဲက အောက်ဆီဂျင်နဲ့ လောင်စာဆီတွေ အပြည့်အဝ လောင်ကျွမ်း ဓါတ်ပြုသွားတာပါ။ အိတ်ဇောငွေ့ ထဲမှာ မလောင်ကျွမ်းတဲ့ လောင်စာဆီနဲ့ အောက်ဆီဂျင် မရှိတဲ့ အထိပါ။ အဲဒီ အခြေအနေ မှာ ရှိမယ့် လေနဲ့ဆီ အချိုးကို သီအိုရီ အရ stoichiometric  ဖြစ်တဲ့ အခြေအနေ လို့ဆိုပါတယ်။ ဒြပ်ထု( Mass နဲ့အချိုးလုပ်ပါတယ်။  လောင်စာဆီ တွေရဲ့ stoichiometric air fuel ratio  တွေကိုအောက်ပါအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။

Fuel type
Stoichiometric air fuel ratio
Unleaded Petrol
14.7;1
Propane (Liquified gas)
15.5;1
CNG (compressed natural gas)
17.2;1
Diesel fuel
14.6;1
Methanol (Methyl alcohol)
  6.4;1
Ethanol (Ethyl alcohol)
  9.0;1

ဓါတ်ဆီအင်ဂျင်မှာ Lambda တန်ဘိုးဟာ   
lambda= 14.7(mass of air) / mass of fuel      ဖြစ်ပါတယ်။

 လေနဲ့ဆီ အရောအနှော (AFR ) က ၁၄.ရ: ၁ ပါ။ အဲဒီ အခြေအနေ မှာ Lambda = 1 ဖြစ်ပါတယ်။
တကယ်လို့ဆီများနေရင် Lambda  တန်ဘိုးဟာ < 1 ဖြစ်သွားမှာပါ။ မလောင်ကျွမ်းတဲ့ လောင်စာဆီ ပိုလာပါမယ်။ တကယ်လို့လေများနေရင် Lambda  တန်ဘိုးဟာ  >1  ဖြစ်သွား မှာပါ။ ဓါတ်မပြုတဲ့ အောက်ဆီဂျင် ပိုထွက်လာပါမယ်။
အင်ဂျင် စွမ်းဆောင်ရည်နဲ့စဉ်းစားရင် ဆီများများပေးတဲ့ အခြေအနေ (Rich mixture) ဖြစ်ရမှာပါ။ ရိုးရိုး ဓါတ်ဆီအင်ဂျင်တွေမှာ  Lambda ဟာ ၀.၈ ကနေ ၀.၉ လောက်ရှိတာ တွေ့ရပါတယ်။  ပါဝါလိုတဲ့ ပြိုင်ကား တွေ၊ တာဘို ဓါတ်ဆီ အင်ဂျင် တွေမှာတော့ ယေဘူယျ အားဖြင့် Lambda ကို ၀.၈ ကနေ ၀.၉ လောက်အထိ ထားတယ်လို့ ဖတ်ရ ပါတယ်။ စက်ရဲ့သာရည် (Effeiency) နဲ့ စဉ်းစားရင် ဆီလျော့ပေးတဲ့ အခြေအနေ (Lean mixture) ဖြစ်ပြီး အလယ်အလတ် အမြန်နှုန်း လောက်နဲ့ မောင်းနှင်ရာမှာ Lambda  ဟာ ၁.၀၄ ကနေ၁.၀၈ လောက်မှာ ဖြစ်ပါတယ်။
ပတ်ဝန်းကျင် ညစ်ညမ်းမှု လျှော့ချနိုင်ဘို့ ဆိုရင် ဆီနဲ့ရေ အပြည့်အဝ ဓါတ်ပြုတဲ့ Lambda= ၁ အခြေအနေက အကောင်းဆုံးပါ။ မီးခိုးငွေ့ စမ်းသပ်စက်(Gas analyzer)  တွေမှာ Lambda  ကို ၀.၉၇ ကနေ ၁.၀၃ အတွင်း အနေအထားမှာ စစ်ကြတာတွေ့ရပါတယ်။ ကားတွေရဲ့ ကျောက်ဇကာ (Catalytic converter)  ဟာ ဆီများများ ပေးတဲ့ အခြေအနေမှာ အပြည့်အဝ မလောင်ကျွမ်းဘဲ ထွက်လာတဲ့ အဆိပ်ဓါတ်ငွေ့ ဖြစ်တဲ့  CO ကို CO2 ဖြစ်အောင် လုပ်ဆောင် ရတာကြောင့် အသုံးပြုနိုင်တဲ့ သက်တမ်း တိုနိုင်ပါတယ်။ ဆီလျော့ပေးတဲ့ အခြေအနေ မှာတော့ယေဘူယျ အားဖြင့် ဆီအကုန်လုံး လောင်ကျွမ်းတာကြောင့် အဆိပ်ဓါတ်ငွေ့ ထုတ်တာလျော့မှာပါ။