Thursday, January 5, 2017

ယာဉ်တိုက်မှုမဖြစ်ရန် နှင့် ယာဉ်တိုက်အပြီး ဘေးကင်းလုံခြုံမှု (အပိုင်း-၁) Active and Passive Safety for Automobile( Part-1)






ယာဉ်တိုက်မှုမဖြစ်ရန် နှင့် ယာဉ်တိုက်အပြီး ဘေးကင်းလုံခြုံမှု (အပိုင်း-၁)
Active and Passive Safety for Automobile

မော်တော်ယာဉ်တွေရဲ့ ဘေးကင်းလုံခြုံမှုမှာ ယာဉ်တွေကို တည်ဆောက်တဲ့ ပုံသဏ္ဍာန်၊ တည်ဆောက်တဲ့ နည်းစနစ် စက်မှုပိုင်း(Mechanical )ဆိုင်ရာ တွက်ချက်မှုတွေနဲ့ ပါဝင်တဲ့ ပစ္စည်း တွေကို လေ့လာ သုံးသပ် တည်ဆောက် ရတာ ဖြစ်သလို ယာဉ်တိုက်မှု လျော့ကျဘို့ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်‌တွေ လမ်းအခြေအနေနဲ့ လမ်းဒီဇိုင်းတွေ ပါဝင်ပါတယ်။ ယာဉ်တွေ များလာတာ၊ အမြန်နှုန်းတွေ မြင့်လာတာနဲ့ အမျှ ယာဉ်အန္တရာယ် ကင်းရှင်းမှုကို ပိုပြီး လုပ်ဆောင်လာရပါတယ်။ ယာဉ်တစ်ခုတည်းအတွက်သက်သက် စဉ်းစားမယ်ဆိုရင် ယာဉ်တိုက်မှုတွေဟာ ယာဉ်ရဲ့ အမြန်နှုန်းနဲ့ အလေးချိန်မမျှတမှု ကြောင့်ပါ။

လူအသေအပျောက်များတဲ့ ယာဉ်တိုက်မှုတွေဟာ (ကျွန်တော်တို့လို) ဖွံ့ဖြိုးဆဲနိုင်ငံ တွေမှာ အဖြစ်များတာပါ၊ WHO ကတော့ ၉၀% လို့ဆိုပါတယ်။ တချို့နိုင်ငံတွေမှာတော့ ခြေလျှင်လျှောက်သူတွေဆုံးပါးရတာများပါတယ်။တိုးတက်တဲ့နိုင်ငံတွေမှာကျေးလက်ဒေသတွေမှာ အဖြစ်များပါတယ်။ လေ့လာမှုတွေအရ ယာဉ်တိုက်မှုတွေမှာ အမျိုးသားတွေ သေဆုံးမှု များပြားပြီး သူတို့ရဲ့ ကျန်ရစ် မိသားစုကို အများကြီး ဆိုးကျိုး သက်ရောက်ပါတယ်။ ယာဉ်ကို ထိန်းသိမ်းနိုင်စွမ်း မရှိလို့နဲ့ အရက်သေစာ သောက်စားထားမှု တွေကြောင့်လို့ ဆိုပါတယ်။ မကျန်းမာမှု၊ လူသေဆုံးမှု တွေမှာ ယာဉ်တိုက်ခိုက်မှုကြောင့် ဖြစ်တာဟာWHO ရဲ့ DALY   (Disability Adjusted Life Year ) ranking  မှာ အဆင့် -၉ (၁၉၉၀) ကနေ အဆင့်-၃ (၂၀၂၀)  ရှိမယ်လို့ခန့်မှန်း ထားပါတယ်။

၁၉၄၄ မှာ ကားမှန်တွေ အတွက် ထပ်ပိုးလွှာတွေပါရှိတဲ့ ( Laminated Glass )တွေကို စသုံးပါတယ်။ ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ ယာဉ်ရဲ့ မြင်နိုင်စွမ်းအား တွေဖြစ်တဲ့ နောက်ကြည့်မှန်၊ ရေသုတ်တံ၊ မီးကြီး အနိမ့် အမြင့်တွေ၊ အချက်ပြမီးတွေစတင် အသုံးပြုလာကြပါတယ်။ အဲဒီလို လေ့လာသုံးသပ်ပြီး စမ်းသပ်မှုတွေ ပြုလုပ်ပြီးမှ အသုံးပြုကြတာပါ။နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ယာဉ် အန္တရာယ် ကင်းရှင်းရေးအတွက် အဆင့်မြင့်နည်းညာတွေ အဆက်မပြတ် အသုံးပြု ဆောင်ရွက်နေတာ တွေ့ရပါတယ်။

နောက်ပိုင်းမှာတော့ မော်တော်ယာဉ်တွေ ဈေးကွက်ထဲ မတင်ပို့ခင်မှာ ပို့မယ့်နိုင်ငံရဲ့ မော်တော်ယာဉ် နည်းပညာပိုင်း ဆိုင်ရာစနစ်တွေ၊ အစိတ်အပိုင်းတွေနဲ့ ပတ်သက်တဲ့ ပုံစံ အသိအမှတ်ပြုမှု ( Type Approval ) ဆိုင်ရာ စံချိန်စံညွှန်းတွေ ရှိဘို့ လိုအပ်လာပါတယ်။

ဥပမာအားဖြင့် ဥ‌ရောပဈေးကွက်အတွက်ဆိုရင် ဥရောပယူနီယံ ( EU  ) ရဲ့ ညွှန်ကြားချက် ( Directives ) တွေနဲ့ လုပ်ဆောင်နေရာက နောက်ပိုင်းမှာ EU  နိုင်ငံအားလုံးအတွက် Whole-Vehicle-Type-Approval ( WVTA ) အနေနဲ့ ၁၉၉၈ မှာစတင်လုပ်ဆောင်ခဲ့ပါတယ်။နောက်ပြီး EU မဟုတ်တဲ့ နိုင်ငံတွေအတွက် ဆိုရင် UNECE ရဲ့စည်းမျဉ်းစည်းကမ်းတွေ အတိုင်း လုပ်ဆောင်ရတာကိုတွေ့ရပါတယ်။

မော်တော်ယာဉ် အန္တရာယ် ကင်းရှင်းဘို့ ကနဦးအဆင့် (Active Safety  )မှာ ယာဉ်တိုက်မှုကို ကာကွယ်နိုင်ဘို့ ကောင်းမွန်တဲ့ ဘရိတ်၊ ဒဏ်ခံစနစ်၊ စတီယာရင်၊ တာယာ စတဲ့ စက်၊ ပစ္စည်း၊ကိရိယာတွေ အကုန်လွှမ်းခြုံ ပါဝင်ပါတယ်။ အဲဒီလိုလုပ်ထားပေမယ့် တကယ်တန်း ယာဉ်တိုက်မှု ဖြစ်လာရင် ယာဉ်ပေါ် ပါလာသူတွေ ထိခိုက်မှုက ကာကွယ်နိုင်အောင် သုံးတဲ့စနစ်၊ စက်၊ ပစ္စည်း၊ကိရိယာတွေကိုတော့ ( Passive Safety )အဖြစ်သုံးနှုန်း ကြပါတယ်။ ဒီနှစ်ခုရဲ့ နှိုင်းယှဉ်ချက် တချို့ကို အောက်မှာဇယားနဲ့ ဖေါ်ပြထားပါတယ်။

ယာဉ်တိုက်မှုမဖြစ်ရန် နှင့် ယာဉ်တိုက်အပြီး ဘေးကင်းလုံခြုံမှုဆိုင်ရာ
                                    နှိုင်းယှဉ်ချက်


ယာဉ်တိုက်မှုမဖြစ်မီ(active)
ယာဉ်တိုက်လျှင်(passive)
အဓိပ္ပါယ်
ဖွင့်ဆိုချက်
·         ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်တိုက်မှု မဖြစ်ရန်ကြို တင် ကာကွယ် ပေးသည့်စနစ် ဖြစ်ပြီးအမြဲ သက်ဝင်ထိရောက် ရန်လိုသည်။
·         ယာဉ်တိုက်မှုမှရှောင်ကြဉ်နိုင်ရန်နှင့်ထိခိုက်မှုအနည်းဆုံးဖြစ်ရန်ယာဉ်အခြေအနေကို ထိန်းပေးသည်။
·         ယာဉ်တိုက်သည်နှင့်တပြိုင်နက် လှုပ်ရှားသက်ဝင်သည်၊
·         ၎င်းမတိုင်မီ သက်ဝင် လှုပ်ရှားမှုမရှိ။
အခြားအခေါ်အဝေါ်များ
·         Primary Safety,
               ပထမအဆင့် အန္တရာယ်ကင်းရှင်းရေး
·         Driver Assistance Systems, ယာဉ်မောင်းအထောက်အကူစနစ်များ
·         Secondary Safety,
               ဒုတိယအဆင့် အန္တရာယ်
              ကင်းရှင်းရေး
·         Crashworthy Systems,
                ယာဉ်တိုက်မှု ဖြစ်ပါက
                လျော်ညီသည့် စနစ်များ
·         Suppiementary safety ထပ်ဆင့် အန္တရာယ်ကင်းရှင်းရေး
ရည်ရွယ်ချက်
·         ယာဉ်တိုက်မှုမဖြစ်အောင် ကာကွယ်ခြင်းကို အထောက်အပံ့ပြုနိုင်ရန်
·         ယာဉ်တိုက်မှုဖြစ်က စီးနင်း လိုက်ပါလာသူများကိုကာကွယ်ရန်
လုပ်ဆောင်မှု
·         ယာဉ်တိုက်မှု မဖြစ်ခင်လှုပ်ရှားသက်ဝင်သည်
·         ယာဉ်တိုက်မှု ဖြစ်လျှင်လှုပ်ရှားသက်ဝင်သည်
ဥပမာများ
·         ယာဉ်မောင်းမြင်ကွင်းကောင်းခြင်း
·         ယာဉ်အတွင်းအသံဆူညံမှုမရှိခြင်း
·         အချက်ပြများမှန်ကန်မှု နှင့် ကောင်းမွန်မှု
·         လမ်းနှင့် ထိတွေ့မှု ကောင်းမွန်မှု
·         ABS,ESC ကဲ့သို့နည်းပညာများ
·         ဘရိတ်အုပ်ရန် ကြိုတင် အချက်ပြစနစ်များ
·         အမြန်နှုန်း ထိန်းချုပ်ခြင်း/ ထောက်လှမ်းခြင်း cruise control/ Intelligent speed adaptation  
              စသည့်အဆင့်မြင့် နည်းစနစ်များ
·         ယာဉ်မောင်းအပါအဝင် စီးနင်း လိုက်ပါသူများ ဘေးကင်းရန် နေရာ
·         အထက်ဖေါ်ပြပါအတွက် ယာဉ်၏ အမာခံနေရာများ
·         ခါးပတ်၊ လေအိတ်
·         ကုန်တင်နေရာနှင့်  စီးနင်း လိုက်ပါ လာသူ များအကြားအကာအကွယ်ပစ္စည်း
·         အန္တရာယ်ကင်းသည့်မှန်များ
·         ဆီတိုင်ကီ နေရာ မှန်ကန်မှု
·         အလိုအလျောက်ဆီပန့်ပိတ်သည့် စနစ် စသည်များ



 အဲဒီထဲကမှ ထင်သာမြင်သာဖြစ်တဲ့ အချက်တွေနဲ့ နည်းပညာပိုင်း ဆိုင်ရာအချက် တွေကို နောက်ပိုင်းမှာခွဲခြား တင်ပြသွားပါ့မယ်။လောလောဆယ်တော့ ဖတ်ထားတဲ့ Sources တွေကို ဖေါ်ပြ ချင်ပါတယ်။ Sources တွေများနေတာက နောက်အပိုင်း အကြမ်းရေးထားတာတွေ တင်ဖြစ်ခဲ့ရင် မလိုတော့အောင်ရယ်၊ ဆက်လေ့လာချင်ရင် လွယ်ကူအောင်လို့ရယ်ပါ။

Sources ;


  • https://en.wikipedia.org/wiki/Automobile_safety




  • http://www.volkswagen.co.uk/technology/glossary/safety-cell






No comments:

Post a Comment