Monday, August 12, 2019

နောက်တွဲယာဉ်များလေ့လာချက်-၁


                  နောက်တွဲယာဉ်များလေ့လာချက်-၁                
REF/ ကိုးကား
Ref link;                https://nacto.org/docs/usdg/vehicle_standards_information_nsw.pdf

ဩစတေးလျနိုင်ငံ၊ NSW GOVERNMENT၏ Transport for NSW; PUBLISHED 9 NOVEMBER 2012/REV.5; Supersedes VSI No.5 /Rev.4/19 May 2010ကို 
အကြမ်း ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။
Transport for NSW
Level 4, 18 Lee Street, Chippendale NSW 2008
PO Box K659 Haymarket NSW 1240
www.transport.nsw.gov.au
TfNSW 12.055 | Cat. No. 45070585 | First issued January 1994


မော်တော်ယာဉ်စံနှုန်းဆိုင်ရာအချက်အလက်များ
မော်တော်ယာဉ်အတိုင်းအတာကန့်သတ်ချက်များ
ရည်ရွယ်ချက်
          ဤမော်တော်ယာဉ်စံနှုန်းဆိုင်ရာအချက်အလက်များ(VSI)သည်NSWရှိလမ်းများနှင့်လမ်းဆက် စပ်ဧရိယာများတွင်အသုံးပြုရန်အတွက်မှတ်ပုံတင်ထားသောယာဉ်များအတွက်ကျင့်သုံးသောအတိုင်း အတာကန့်သတ်ချက်များဆိုင်ရာသတင်းအချက်အလက်များကိုမျှဝေရန် ရည်ရွယ်သည်။
နိဒါန်း
          NSW၌အနံ၊အမြင့်၊အလျားတို့နှင့်ပတ်သက်သောအတိုင်းအတာကန့်သတ်ချက်များနှင့်ယာဉ်အ တွင်းပိုင်း ဆိုင်ရာအတိုင်းအတာအချို့ကို Road transport (Vehicle Registration) Regulation 2007 (the Regulation)တွင်ညွှန်ကြားထားသည်။ The Road Transport (M အလေးချိန်၊ L ကုန်တင်ခြင်းနှင့် A လမ်းကြောင်း) Regulation 2005(the MLAs) တွင်လည်းဝန်များ၏အစွန်းထွက်မှုနှင့် အရွယ် အစားတို့နှင့် သက်ဆိုင်သောအတိုင်းအတာကန့်သတ်ချက်များကိုညွှန်ကြားထားသည်။
          ဤအတိုင်းအတာကန့်သတ်ချက်များကိုလမ်းကွန်ရက်တွင်အသုံးပြုနေသောယာဉ်များလုံ လောက်သောစနစ်တကျလုပ်ဆောင်နိုင်မှုရရန်နှင့်လမ်းစနစ်နှင့်အခြားလမ်းအသုံးပြုသူများနှင့်သဟဇာတ ဖြစ်ရန် ချမှတ်ထားသည်။
အမျိုးအစား/အဆင့်အတန်းခွဲခြားမှု
          ယာဉ်များကိုယေဘူယျအားဖြင့် General Access အထွေထွေလမ်းကြောင်းသုံးယာဉ်(သို့) Restricted Access ကန့်သတ်လမ်းကြောင်းသုံးယာဉ် ဟူ၍ အုပ်စုနှစ်စုခွဲထားသည်။
အထွေထွေလမ်းကြောင်းသုံးယာဉ်
          အထွေထွေလမ်းကြောင်းသုံးယာဉ်များသည်ပေါင်းစပ်ယာဉ်များအပါအဝင်သီးသန့်(သို့)ဝန်တစ် ခုခုနှင့်ယှဉ်တွဲထားသည့်အောက်ဖေါ်ပြပါကန့်သတ်ချက်တစ်ခုခုမှမကျော်လွန်သော ယာဉ်များဖြစ်သည်။
·        MLAs ၏ လုပ်ငန်းစဉ် ၁ တွင်ညွှန်ကြားထားသည့် အလေးချိန်ကန့်သတ်ချက်
·        ဖေါ်ပြပါအတိုင်းအတာကန့်သတ်ချက်များမှတစ်ခု(သို့) ၎င်းထက်ပို၍
§  အနံ ၂.၅ မီတာ
§  အမြင့် ၄.၃ မီတာ
§  မော်တော်ယာဉ်တစ်ခုတည်းအတွက် ၁၂.၅ မီတာ နှင့် ပေါင်းစပ်ယာဉ်အတွက် ၁၉ မီတာ
§  MLAs (သို့) Regulation တွင်ညွှန်ကြားထားသည့် အခြားအတိုင်း အတာကန့်သတ်ချက် တစ်ခုခု
          အထွေထွေလမ်းကြောင်းသုံးယာဉ်သည် အမှတ်အသားတစ်ခုဖြင့် ညွှန်ပြထားသောဝန်(သို့) အတိုင်း အတာ ကန့်သတ်ချက်မှတပါး မည်သည့်လမ်းတွင်မဆိုအသုံးပြုနိုင်သည်။
ကန့်သတ်လမ်းကြောင်းသုံးယာဉ်
          ကန့်သတ်လမ်းကြောင်းသုံးယာဉ်များသည်မော်တော်ယာဉ်တစ်ခုတည်း (သို့) ပေါင်းစပ်ယာဉ်များ ဖြစ်ပြီး သီးသန့်(သို့)ဝန်တစ်ခုခုနှင့်ယှဉ်တွဲထားသော MLAsတွင်ညွှန်ကြားထားသည့် အထွေထွေ လမ်းကြောင်းသုံးအတိုင်းအတာကန့်သတ်ချက်(သို့)အလေးချိန်ကန့်သတ်ချက်တစ်ခုမှ ကျော်လွန်သော ယာဉ်များဖြစ်သည်။
          ကန့်သတ်လမ်းကြောင်းသုံးယာဉ်များသည် သက်ဆိုင်သော ခွင့်ပြုပါမစ် (သို့) ကြေငြာချက်နှင့် စပ်လျဉ်း၍သာအသုံးပြုနိုင်သည်။
၂။      Rigid Vehicle
၂(က)။ အထွေထွေလမ်းကြောင်းသုံး Rigid Vehicle ယာဉ်
          ဤအပိုင်းတွင်ဖေါ်ပြထားသောအတိုင်းအတာများသည် Regulation တွင် အနက်ဖွင့်ပြ ထားသည့်အထွေထွေလမ်းကြောင်းသုံး Rigid Vehicle ယာဉ်များအတွက် တရားဝင်ခွင့်ပြုသော အမြင့်ဆုံး (ပမာဏ) ဖြစ်သည်။ ဖေါ်ပြပါကန့်သတ်ချက်များအပြင် အထွေထွေလမ်းကြောင်းသုံး ယာဉ်များသည် စာမျက်နှာ ၁၅ မှ၁၉ ၌ဖေါ်ပြထားသော “အခြားလိုအပ်ချက်များ” မှသက်ဆိုင်သည့် အခြားလိုအပ် ချက်များ အားလုံးနှင့် ကိုက်ညီရမည်။
          ဤအပိုင်းတွင်ဖေါ်ပြထားသောအတိုင်းအတာတစ်ခုခုထက်ကျော်လွန်သော Rigid Vehicle ယာဉ်များ အတွက် စာမျက်နှာ ၄ ရှိ “ကန့်သတ်လမ်းကြောင်းသုံး Rigid Vehicle ယာဉ်များ”တွင် ကြည့်ပါ။
          အနောက်သို့အပေါ်မှအုပ်မိုးထားမှု (Rear Overhang) အတွက် ပိုမိုသောအချက်အလက်များကို စာမျက်နှာ ၁၈ တွင်ကြည့်ပါ။
          Twin steer နှစ်ခုတွဲပဲ့ကိုင်ဝန်ရိုးအုပ်စုအတွက် ပိုမိုသောအချက်အလက်များကိုစာမျက်နှာ ၁၉ တွင်ကြည့်ပါ။
၂(ခ)   ကန့်သတ်လမ်းကြောင်းသုံး Rigid Vehicle ယာဉ်များ (ဘက်စ်ယာဉ်ကလွဲ၍)
          ဤအပိုင်းတွင်ဖေါ်ပြထားသောအတိုင်းအတာများသည် စာမျက်နှာ ၃ တွင်ဖေါ်ပြထားသည့် အထွေထွေလမ်းကြောင်းအတိုင်းအတာများ၏တစ်ခုခုထက်ကျော်သောRigid Vehicle ယာဉ်များ အတွက်တရားဝင်ခွင့်ပြုသောအမြင့်ဆုံး(ပမာဏ)ဖြစ်သည်။တနည်းအားဖြင့် ထောက်ခံချက်ပေးသော် လည်း ကန့်သတ်လမ်းကြောင်းသုံးယာဉ်များသည်လည်း စာမျက်နှာ ၁၅ မှ၁၉ ၌ဖေါ်ပြထားသော “အခြားလိုအပ်ချက် များ” မှသက်ဆိုင်သည့်အခြားလိုအပ် ချက်များ အားလုံးနှင့် ကိုက်ညီရမည်။
          ကန့်သတ်လမ်းကြောင်းသုံးယာဉ်များသည်သက်ဆိုင်သောခွင့်ပြုပါမစ်များ(သို့) ကြေငြာချက်များ နှင့်သာအသုံးပြုနိုင်သည်။ အချို့ယာဉ်များ (ဥပမာ၊ အလေးချိန်ကျော်လွန်မှု၊ နှစ်မျိုးထိန်းချုပ်မှု (dual control)၊ ဘယ်မောင်းယာဉ်) တို့သည်လည်း  NSW လမ်းများတွင်သုံးပြုရန် နှင့် မှတ်ပုံတင်ရန်  RMS (Roads and Maritime Services) မှ သတ်မှတ်ထောက်ခံချက် လိုအပ်သည်။
၃။      နောက်တွဲများ
၃(က)။          အထွေထွေလမ်းကြောင်းသုံး နောက်တွဲများ
          ဤအပိုင်းတွင်ဖေါ်ပြထားသော အတိုင်းအတာများသည် Regulation တွင်အနက်ဖွင့်ပြ ထားသည့်အထွေထွေလမ်းကြောင်းသုံးနောက်တွဲများအတွက် တရားဝင်ခွင့်ပြုသောအမြင့်ဆုံး (ပမာဏ) ဖြစ်သည်။ဖေါ်ပြပါကန့်သတ်ချက်များအပြင်အထွေထွေလမ်းကြောင်းသုံးနောက်တွဲများသည်စာမျက်နှာ ၁၅ မှ၁၉ ၌ဖေါ်ပြထားသော “အခြားလိုအပ်ချက်များ” မှသက်ဆိုင်သည့်အခြားလိုအပ်ချက်များ အားလုံးနှင့် ကိုက်ညီရမည်။
          အထွေထွေလမ်းကြောင်းသုံးနောက်တွဲများသည် ဥပမာအားဖြင့် လေဖိညှစ်စက်များ၊ ကွန်ကရိ ဖျော်စက် များ၊ လွန်တူးကိရိယာများစသည့် စက်မှုလုပ်ငန်းသုံးနောက်တွဲများအကျုံးဝင်ပါဝင်ပါသည်။
          ဤအပိုင်းတွင်ဖေါ်ပြထားသောအတိုင်းအတာ/များထက်ကျော်လွန်သော နောက်တွဲများအတွက် စာမျက်နှာ ၆နှင့်၇  ရှိ “ကန့်သတ်လမ်းကြောင်းသုံး နောက်တွဲများ”တွင်ကြည့်ပါ။
          တနည်းအားဖြင့်ဤကြေငြာချက်တွင်ချမှတ်ထားသော အတိုင်းတာကန့်သတ်ချက်များကျော် လွန်သော  (သို့) အလေးချိန်ကျော်လွန်သောနောက်တွဲများ မှတ်ပုံတင်ရန်  RMSမှ ထောက်ခံချက် လိုအပ်သည်။ -စာမျက်နှာ ၂ ‘ကန့်သတ်လမ်းကြောင်းသုံးယာဉ်များ’တွင်ကြည့်ပါ။
အထွေထွေလမ်းကြောင်းသုံးpig trailer, စက်မှုလုပ်ငန်းသုံးအပါအဝင်
          A pig trailer သည်ကုန်စည်တင်ဆောင်သောမျက်နှာပြင်အလျား၏အလယ်ပိုင်းအနီးအနားတွင် ဝန်ရိုးအုပ်စုတစ်ခုသာပါရှိသော နောက်တွဲတစ်ခုဖြစ်သည်။
အထွေထွေလမ်းကြောင်းသုံးdog trailer, စက်မှုလုပ်ငန်းသုံးအပါအဝင်
          A dog trailer သည်ဆွဲသည့်ယာဉ်နှင့်တွဲဆက်ထားသောဆွဲဘားတစ်ခုဖြင့်ပဲ့ကိုင်ပေးသော ရှေ့ဝန်ရိုးတစ်ခု(သို့)ဝန်ရိုးအုပ်စုတစ်ခုနှင့်နောက်ဝန်ရိုး(သို့)ဝန်ရိုးအုပ်စုတစ်ခု ပါရှိသော နောက်တွဲယာဉ် ဖြစ်သည်။ semi-trailerတစ်ခုနှင့် dolly converterတစ်ခု တို့ပါဝင်သောပေါင်းစပ်မှုတစ်ခုကိုလည်း dog trailer တစ်ခုအဖြစ်စဉ်းစားနိုင်သည်။
          *အကယ်၍ချိတ်ဆက်အမှတ်(ကင်းပင်)သည် ဒေါင်လိုက်ချိန်ညှိ၍ရပါက ကင်းပင်ချိန်ညှိသည့် မည်သည့် အမှတ်မှမဆိုတိုင်းတာသောအခါအတွင်းပိုင်းအတိုင်းအတာများအားလုံး (ROH, WB, DBL and KR) သည် အထက်ဖေါ်ပြပါကန့်သတ်ချက်များကို လိုက်နာရမည်။
အထွေထွေလမ်းကြောင်းသုံး semi-trailer, စက်မှုလုပ်ငန်းသုံးနှင့်ကားကယ်ရီယာအပါအဝင်
          A semi-trailer ချိတ်ဆွဲယာဉ်ပေါ်တွင်ဝန်၏တချို့တဝက်ကိုတင်ထားသော ချိတ်ဆွဲယာဉ်သို့ တွဲဆက်ထားသည့်နည်းစနစ်တစ်ခုနှင့်အတူအနောက်ဘက်ပိုင်းတွင် ဝန်ရိုးတစ်ခု (သို့) ဝန်ရိုးအုပ်စုတစ်ခု ပါရှိသည်။ Semi-trailerတွင် Pole type trailers ပါဝင်သည်။
          A semi-trailer၏အလျားတွင် အအေးစနစ်တစ်ခုခု (သို့) အခြားအကူပစ္စည်း (သို့) A semi-trailer၏ ကင်းပင်အချင်းဝက်ဖြင့်ဖန်တီးထားသော အဝန်းပိုင်းအတွင်း ရှေ့ပိုင်း၌လျော့ထားသော အကျယ်၏ ကုန်တင်နေရာလပ်တစ်ခုခု မပါဝင်ပါ။
          နှစ်ပိုင်း (သို့) ၎င်းထက်ပို၍ (သို့) လုံးဝထပ်နေသောကြမ်းခင်းဘောင်များပေါ်တွင် ကျွဲနွား တိရစ္ဆာန်၊သိုး၊ဝက် များ (သို့) မြင်းများ သယ်ဆောင်ရန် တိရစ္ဆာန်များသယ်၍ရနိုင်ရန်အတွက် ကြားတွင် ရှိသောအပိုင်းအကာများကို လျစ်လျူရှု၍ ရှေ့နံရံအတွင်းဘက်မှ (သို့)နောက်တွဲ၏တံခါးမှ နောက်နံရံ  အတွင်းဘက်သို့ (သို့) နောက်တွဲ၏တံခါး မှတိုင်းတာသော ၎င်း၏အလျားဖြစ်သည့် ၁၂.၅ မီတာထက် မရှည်ရပါ။ 
အထွေထွေလမ်းကြောင်းသုံး low loader trailer
          A low loader trailer သည် ၎င်း၏အရှည်တစ်ခုလုံးတွင် မြေပြင်မှ ၁ မီတာထက်မပိုသော ဝန်သယ် ဆောင်ရန်ကြမ်းခင်းဘောင်ပါရှိသော ဘဲငန်းနှုတ်သီးပုံစံSemi-trailerဖြစ်သည်။ ဘဲငန်း နှုတ်သီး၏ အပေါ်ပိုင်းဧရိယာကို ဥပမာအားဖြင့် စပယ်ယာဘီးများ၊ ကိရိယာများကဲ့သို့ အသုံး အဆောင်ပစ္စည်းများ အတွက်အသုံးပြုနိုင်သည်။ ဥပဒေဆိုင်ရာပြဌာန်းချက်နှင့်ကိုက်ညီမှသာ A low loader ကို အထွေထွေလမ်းကြောင်းသုံးအဖြစ်ခွင့်ပြုရမည်။
၃(ခ)။  ကန့်သတ်လမ်းကြောင်းသုံးနောက်တွဲများ
          ဆန့်ထုတ်နိုင်သော semi-trailer နှင့် sliding ဝန်ရိုးပါရှိသော trailer များသည် ခွဲခြမ်း၍ မရသောဝန်တစ်ခုကိုတင်ဆောင်ခြင်းမရှိသောအခါ သက်ဆိုင်သောအတိုင်းအတာဆိုင်ရာ လိုအပ်ချက် များနှင့် ကိုက်ညီရမည်။
          ‘အတန်းအစား ၃ semi-trailer ကင်းလွတ်ခွင့်ကြေငြာချက် ၂၀၁၂’ လုပ်ကိုင်ပါက semi-trailer တစ်ခုသည် ၁၃.၇ မီတာထက်ကျော်လွန်နိုင်သည်၊သို့သော်၁၄.၆၃ မီတာထက်မကျော်ရ။
          စက်မှုလုပ်ငန်းသုံး နောက်တွဲများ (plant trailers)သည်နောက်တွဲလုပ်ဆောင်မှုအတွက် မရှိမဖြစ်ပစ္စည်းကိရိယာ/အသုံးအဆောင်အတွက်မှတပါး မည်သည့်ဝန်သယ်ဆောင်သည့်နေရာမျှ မပါရှိ ရပါ။(ဥပမာအားဖြင့် ကွန်ကရိလောင်းစက်တစ်ခုအတွက်ပိုက်များ၊ လွန်တူးစက်အတွက်လွန်သွားများ) အကယ်၍၎င်းပစ္စည်းများသည် နောက်တွဲယာဉ်ကိုအတုင်းအတာကျော်ခြင်းနှင့် အလေးချိန်ကျော်ခြင်း ဖြစ်စေပါက သွားလာမောင်းနှင်သောအခါ ၎င်းတို့ကို ချထားခဲ့ရမည်။
          ကုန်နှင့် (သို့) ကုန်မပါသည်ဖြစ်စေ ဤအတန်းအစားအတွင်းရှိ နောက်တွဲများကို အမြင့် အမြင့်ဆုံး ၄.၆ မီတာ ကန့်သတ်ထားသည်။ဤကိစ္စတွင် ယာဉ်သည် ‘ ယာဉ်အမြင့် ၄.၆မီတာ လမ်းကြောင်း ကြေငြာချက် ၂၀၀၈’ အရလုပ်ဆောင်ရမည်။
          အခြားနည်းဖြင့် အတည်ပြုထောက်ခံချက်မရှိပါက ကန့်သတ်လမ်းကြောင်းသုံးနောက်တွဲ များသည် စာမျက်နှာ ၁၅မှ၁၉ ရှိ ‘အခြားလိုအပ်ချက်များ’တွင်ဖေါ်ပြထားသည့် အခြားသက်ဆိုင်သည့်လိုအပ်ချက်များအားလုံးနှင့်ကိုက်ညီရမည်။

        Buses (including coach) ခရီးသည်တင်ကား/ဘက်စ်များ (Coach အပါအဝင်)
၄(က)  အထွေထွေလမ်းကြောင်းသုံး ခရီးသည်တင်ကား/ဘက်စ်များ
General Access bus/coach
အထွေထွေလမ်းကြောင်းသုံး ခရီးသည်တင်ကား/ဘက်စ်များ/ Coach
          ဘက်စ်တစ်စီးသည် အဓိကအားဖြင့် ယာဉ်မောင်းအပါအဝင် လူကြီး ၉ ယောက်အထက် ထိုင်ခုံပါသော ခရီးသည်များ/လူများ သယ်ဆောင်ရန်တည်ဆောက်ထားသော မော်တော်ယာဉ် တစ်စီးဖြစ်သည်။
General Access articulated (‘bendy’) bus
အထွေထွေလမ်းကြောင်းသုံး ချိတ်ဆက် (ကွေးနိုင်သော) ဘက်စ်
          ချိတ်ဆက်ဘက်စ်တွင်အမာ(ယာဉ်)ဖြတ်ပိုင်းများအကြားလည်ပတ်ရွေ့လျားနိုင်ရန်နှင့် ခရီးသည် များလမ်းသွားနိုင်ရန်ခွင့်ပြုနိုင်သည့် အမာဖြတ်ပိုင်းနှစ်ခုအနည်းဆုံးပါရှိသည်။
         
Turning circle, articulated bus အကွေ့စက်ဝိုင်း၊ ချိတ်ဆက်ဘက်စ်
          မှန်များနှင့်အချက်ပြကိရိယာများမှအပ အစိတ်အပိုင်းအားလုံးသည် လမ်းကြောင်းတစ်ခုတွင် အတွင်းပိုင်းအချင်းဝက် ၅.၃ မီတာနှင့် အပြင်ပိုင်းအချင်းဝက် ၁၂.၀ မီတာအတွင်းတွင် ကောင်းစွာ ကွေ့နိုင်ရမည်။
4B.RESTRICTED ACCESS BUS ကန့်သတ်လမ်းကြောင်းသုံးဘက်စ်
Controlled (Restricted) access bus/coach over 12.5 metres up to 14.5 metres
၁၂.၅ မီတာထက်ပိုပီး ၁၄.၅ မီတာထိရှိသော ထိန်းချုပ်ထားသော (ကန့်သတ်ထားသော) လမ်းကြောင်းသုံးဘက်စ်/ကို့ချ်
          ထိန်းချုပ်လမ်းကြောင်းသုံးဘက်စ်တစ်စီးသည် ချိတ်ဆက်ဘက်စ်မှအပ ၁၂.၅ မီတာထက် ပိုရှည်သော ဘက်စ်တစ်စီးဖြစ်သည်။ ထိုဘက်စ်များသည် ‘Class 2 Controlled Access Bus Notice 2010’ အရချမှတ်ထားသော အတည်ပြုလမ်းကြောင်းများပေါ်တွင်သာ မောင်းနှင်နိုင်သည်။
5.       Combinations/articulated vehicles
၅။      ပေါင်းစပ်ယာဉ်/ ချိတ်ဆွဲတွဲဆက်ယာဉ်များ
၅(က) အထွေထွေလမ်းကြောင်းသုံး ပေါင်းစပ်ယာဉ်များ
          ဤအပိုင်းတွင်ဖေါ်ပြထားသောအတိုင်းအတာများသည်  Regulation တွင် ဖေါ်ပြထားသည့် အထွေထွေလမ်းကြောင်းသုံးပေါင်းစပ်ယာဉ်/ ချိတ်ဆွဲတွဲဆက်ယာဉ်များအတွက်တရားဝင် ခွင့်ပြု သောအမြင့်ဆုံး (ပမာဏ) ဖြစ်သည်။
          ဤအပိုင်းတွင်ဖေါ်ပြထားသည့်အတိုင်းအတာ/များတစ်ခုခုထက်ကျော်လွန်သည့်ပေါင်းစပ်မှုများ အတွက်  စာမျက်နှာ ၁၀ရှိ ‘ကန့်သတ်လမ်းကြောင်းသုံး  ပေါင်းစပ်ယာဉ်/ ချိတ်ဆွဲတွဲဆက်ယာဉ်များ’ ကို ကိုးကားရမည်။
          ဖေါ်ပြပါကန့်သတ်ချက်များအပြင်အထွေထွေလမ်းကြောင်းသုံးပေါင်းစပ်ယာဉ်များသည် စာမျက် နှာ ၁၅ မှ၁၉ ၌ဖေါ်ပြထားသော “အခြားလိုအပ်ချက်များ” မှသက်ဆိုင်သည့်အခြားလိုအပ်ချက်များ အားလုံးနှင့်ကိုက်ညီရမည်။
မှတ်ချက်      
          အကယ်၍ဆွဲယူမှုတစ်ခုသည် ၄၂.၅ တန်ထက်ပိုသော စုစုပေါင်းပေါင်းစပ်အလေးချိန် (GCM) ရှိပါက ပေါင်းစပ်မှုသည် ‘အတန်းအစား ၃ ကုန်တင်ယာဉ်နှင့် dog trailer ပေါင်းစပ်မှု ကြေငြာချက် ၂၀၁၀’ အောက်ရှိ ၄၂.၅ တန်ထက်ပိုသော ကန့်သတ်လမ်းကြောင်းသုံးပေါင်းစပ်ယာဉ် ကဲ့သို့  လုပ်ဆောင်ရမည်-စာမျက်နှာ၁၀ကိုကြည့်ပါ။

အထွေထွေလမ်းကြောင်းသုံး B နှစ်ခုတွဲ
          သတ်မှတ်လမ်း (သို့) သတ်မှတ်ဧရိယာတစ်ခုပေါ်တွင်အမှတ်လက္ခဏာတစ်ခုဖြင့်ညွှန်ပြ ထားသောလမ်းတစ်ခုခုပေါ်တွင်မှတပါးအလေးချိန် ၅၀ တန်ကျော်လွန်ခြင်း၊ အလျား ၁၉ မီတာ ကျော်လွန်ခြင်းမရှိသော B နှစ်ခုတွဲယာဉ် တစ်စီးကိုမောင်းနှင်နိုင်သည်။
၅(ခ) ကန့်သတ်လမ်းကြောင်းသုံး ပေါင်းစပ်ယာဉ်များ
          ကန့်သတ်လမ်းကြောင်းသုံးပေါင်းစပ်ယာဉ်/ ချိတ်ဆွဲတွဲဆက်ယာဉ်များပါဝင်ပါသည်။ သို့သော် အောက်ပါတို့ကို ကန့်သတ်မထားပါ။
·        ၁၉.၀ မီတာကျော်လွန်သည့် ယာဉ်ပေါင်းစပ်မှုများ၊ ဥပမာအနေဖြင့် B နှစ်ခုတွဲများ၊ တွဲဆက် များနှင့် အနိမ့်ဝန်တင်ပေါင်းစပ်မှုများ ပါဝင်သည်။
·        ၄.၃ မီတာထက်မြင့်သောယာဉ်များ၊ ဥပမာအနေဖြင့် မွေးမြူရေးဆိုင်ရာကုန်သေတ္တာများ၊ ဝန် တင်ထားသောကားကယ်ရီယာများနှင့်အခြားကုန်ပစ္စည်းသယ်ဆောင်သည့်ရာများပါဝင်သည်။
၎င်းမော်တော်ယာဉ်များသည်  ‘ ယာဉ်အမြင့် ၄.၆မီတာ လမ်းကြောင်း ကြေငြာချက် ၂၀၀၈’ တွင်ချမှတ်ထားသောထောက်ခံထားသည့်လမ်းကြောင်းပေါ်တွင်သာမောင်းနှင်ရမည်။
·        ခွဲခြမ်း၍မရသောယာဉ်များသယ်ဆောင်သောယာဉ်များနှင့် ‘အထွေထွေအတန်းအစား ၁ အရွယ် အစားကြီးမားမှုကြေငြာချက်’ (သို့) သတ်မှတ်ခွင့်ပြုပါမစ်
·     အထွေထွေလမ်းကြောင်းအတိုင်းအတာများ (သို့) အလေးချိန်ကန့်သတ်ချက်များထက်      ကျော် လွန်သော အထူးရည်ရွယ်ချက်ယာဉ်များ (SPVs)
·        ကုန်တင်ယာဉ်အလေးချိန် ၄၂.၅ တန်ထက်ကျော်လွန်သော ကုန်တင်ယာဉ်နှင့် Dog trailer ပေါင်းစပ်မှုများ
·        အထွေထွေလမ်းကြောင်းအတိုင်းအတာများ (သို့) အလေးချိန်ကန့်သတ်ချက်များထက် ကျော်လွန်သောစိုက်ပျိုးရေးလုပ်ငန်းသုံးယာဉ်များ
          အခြားနည်းဖြင့်အတည်ပြု ထောက်ခံချက်မရှိပါက ကန့်သတ်လမ်းကြောင်းသုံးပေါင်းစပ်မှု များသည် စာမျက်နှာ ၁၅မှ၁၉ ရှိ ‘အခြားလိုအပ်ချက်များ’တွင်ဖေါ်ပြထားသည့်အခြားသက်ဆိုင်သည့် လိုအပ်ချက်များ အားလုံးနှင့်ကိုက်ညီရမည်။
ကန့်သတ်လမ်းကြောင်းသုံး ကုန်တင်ယာဉ်နှင့် Dog trailer
          အကယ်၍ ကုန်တင်ယာဉ်နှင့် Dog trailer ပေါင်းစပ်မှု၏ ဆွဲယူမှုတစ်ခုသည် ၄၂.၅ တန်ထက် ပိုသော စုစုပေါင်းပေါင်းစပ်အလေးချိန် (GCM) ရှိပါက ပေါင်းစပ်မှုသည်  ‘အတန်းအစား ၃ ကုန်တင် ယာဉ်နှင့် dog trailer ပေါင်းစပ်မှုကြေငြာချက် ၂၀၁၀’ အောက်ရှိ စည်းကမ်းအရ ၅၀ တန်အထိ လုပ်ဆောင်နိုင်သည်။
·        ပေါင်းစပ်မှု၏ ဝန်ရိုးကြားအကွာအဝေးသည် ကြေငြာချက်တွင်အသေးစိတ် ဖေါ်ပြထားသည့် ကန့်သတ်ချက်များအတွင်းရှိရမည်။
·        ၎င်းပေါင်းစပ်မှုတွင် မည်သည့်ဝန်ရိုး (၃)ချောင်း Dog trailer ပေါ်တွင်မဆို ဝန်၏အမြင့် (HLT) သည် ၃.၅ မိတာထက်မကျော်ရ။ (HLT ကိုအောက်ပုံတွင်ပြထားသည်)
·        ကြေငြာချက်တွင်ပါရှိသောအခြား လိုအပ်ချက်များနှင့်ကိုက်ညီရမည်။
ကန့်သတ်လမ်းကြောင်းသုံး ချိတ်ဆွဲယာဉ်နှင့် semi-trailer
ကန့်သတ်လမ်းကြောင်းသုံး ချိတ်ဆွဲယာဉ်နှင့် low loader-trailer
rigid truck နှင့် semi-trailer  ဖြင့်ဖွဲ့စည်းထားသည့် ကန့်သတ်လမ်းကြောင်းသုံးကားကယ်ရီယာ
          အကယ်၍ ဆွဲယူသည့်ပစ္စည်းသည် ယာဉ်မောင်းခန်းပေါ်တွင်ဝန်တစ်ခုထပ်မံတင်ဆောင်နိုင်ရန် အတွက် ဒီဇိုင်းပြုလုပ်ထားလျှင် ကားကယ်ရီယာပေါင်းစပ်မှုတစ်ခုသည် ဝန်အပြည့်တင်ထားချိန်တွင် အလျားစုစုပေါင်း ၂၅ မီတာအထိရှိနိုင်ပါသည်။ ၎င်းပေါင်းစပ်မှုကို သာမာန်အားဖြင့် ‘A stinger’ ဟု ရည်ညွှန်းပါသည်။
ချိတ်ဆွဲယာဉ်နှင့် semi-trailer  ဖြင့်ဖွဲ့စည်းထားသည့် ကန့်သတ်လမ်းကြောင်းသုံးကားကယ်ရီယာ
          ဤပေါင်းစပ်မှုတွင် ချိတ်ဆွဲယာဉ်သည် ယာဉ်မောင်းခန်းပေါ်တွင်ဝန်တစ်ခုထပ်မံတင်ဆောင် နိုင်ရန် ဒီဇိုင်းပြုလုပ်ထားခြင်းမရှိပါ။
ချိတ်ဆွဲယာဉ်နှင့် semi-trailer ဖြင့်ဖွဲ့စည်းထားသည့် ကန့်သတ်လမ်းကြောင်းသုံးကားကယ်ရီယာ
          ဤပေါင်းစပ်မှုတွင် ချိတ်ဆွဲယာဉ်သည် ယာဉ်မောင်းခန်းပေါ်တွင်ဝန်တစ်ခုထပ်မံတင်ဆောင် နိုင်ရန် ဒီဇိုင်းပြုလုပ်ထားပါသည်။
ကန့်သတ်လမ်းကြောင်းသုံး B နှစ်ခုတွဲများ
          B နှစ်ခုတွဲတစ်ခုသည် semi-trailer နှစ်ခုကိုဆွဲသောချိတ်ဆွဲယာဉ်ပါဝင်သည့်ပေါင်းစပ်မှု /ယာဉ် တစ်စီး ဖြစ်ပါသည်။
          ကျွဲနွား တိရစ္ဆာန်၊သိုး၊ဝက် များ (သို့) မြင်းများ သယ်ဆောင်ရန် တိရစ္ဆာန်များသယ်၍ ရနိုင်ရန် အတွက်တည်ဆောက်ထားသော B နှစ်ခုတွဲတစ်ခုသည် ကြားတွင် ရှိသောအပိုင်းအကာများကို လျစ် လျူရှု၍ ရှေ့နံရံအတွင်းဘက်မှ (သို့)နောက်တွဲ၏တံခါးမှ နောက်နံရံ  အတွင်းဘက်သို့ (သို့) နောက်တွဲ၏ တံခါး မှတိုင်းတာသော semi-trailer နှစ်ခု၏ပေါင်းစပ်အလျားသည် ၁၈.၈ မီတာထက် မရှည်ရပါ။ 
ကန့်သတ်လမ်းကြောင်းသုံး ၁၉ မီတာ B နှစ်ခုတွဲ
          B နှစ်ခုတွဲတစ်ခုသည်အလျား၁၉ မီတာ မကျော်သော်လည်းအလေးချိန် ၅၀ တန်ကျော်လွန် ပါ က  ‘19 Metre B-Double Mass Limit Notice 2010’ အရချမှတ်ပေးထားသောလမ်းကြောင်းတွင်သာ ပြေးဆွဲရမည်။
ကန့်သတ်လမ်းကြောင်းသုံး ၂၅ မီတာ B နှစ်ခုတွဲ
          B နှစ်ခုတွဲတစ်ခုသည်အလျား၁၉ မီတာ ကျော်လွန်ပြီး ၂၅ မီတာထက်မပိုပါက ‘Class 2 B-Double Notice 2010’ အရချမှတ်ပေးထားသောလမ်းများနှင့် ဧရိယာများတွင်သာ ပြေးဆွဲရမည်။
 ကန့်သတ်လမ်းကြောင်းသုံး ၂၆ မီတာ B နှစ်ခုတွဲ
          အကယ်၍ B နှစ်ခုတွဲတစ်ခုသည်  ‘Class 3  26 metres B-Double Exemption Notice 2010’ နှင့်အညီ ပြေးဆွဲခဲ့လျှင် အများဆုံး၂၆ မီတာအထိ ၂၅ မီတာကို ကျော်လွန်နိုင်ပါသည်။ ယာဉ်ပေါင်းစပ်မှု ၏ နောက်ဘက်စွန်းနှင့် ရှေ့မှဆွဲသော semi-trailer ၏ရှေ့ပိုင်းရှိ တွဲဆက်အမှတ်/နေရာကြား အကွာ အဝေးသည် ၂၀.၆ မီတာထက် မကျော်ရပါ။
Converter Dolly တစ်ခုကိုဆွဲသော ကန့်သတ်လမ်းကြောင်းသုံး  B နှစ်ခုတွဲ
          ဝန်မပါရှိသော Converter Dolly တစ်ခုကိုဆွဲသောကန့်သတ်လမ်းကြောင်းသုံး  B နှစ်ခုတွဲ တစ်စီးသည်  ‘Class 2 Converter dolly Combination Notice 2011’ နှင့်အညီပြေးဆွဲရမည်။
Converter Dolly တစ်ခုကိုဆွဲသော ကန့်သတ်လမ်းကြောင်းသုံး  ချိတ်ဆွဲယာဉ်နှင့် semi-trailer
          ဝန်မပါရှိသော Converter Dolly တစ်ခုကိုဆွဲသောကန့်သတ်လမ်းကြောင်းသုံး  ချိတ်ဆွဲယာဉ်နှင့် semi-trailer ပေါင်းစပ်ယာဉ်တစ်စီးသည် ‘Class 2 Converter dolly Combination Notice 2011’ နှင့်အညီပြေးဆွဲရမည်။
ကန့်သတ်လမ်းကြောင်းသုံး တွဲဆက်များ (ROAD TRAINS)
          တွဲဆက်တစ်ခုသည် B နှစ်ခုတွဲမှအပ နောက်တွဲယာဉ် အနည်းဆုံးနှစ်ခုကို ဆွဲသော မော်တော်ယာဉ်တစ်စီးပါဝင်သည့် ပေါင်းစပ်ယာဉ်တစ်စီး/ခု ဖြစ်သည်။ တွဲဆက်ပေါင်းစပ်ယာဉ်များ အားလုံးသည် ကြေငြာချက် တစ်ခု(သို့) ခွင့်ပြုချက်တစ်ခုခုအောက်တွင်သာ ပြေးဆွဲရမည်။
ကန့်သတ်လမ်းကြောင်းသုံး ချိတ်ဆွဲယာဉ်၊ semi-trailer နှင့် dog trailer တစ်ခု
          ကန့်သတ်လမ်းကြောင်းသုံး ချိတ်ဆွဲယာဉ်၊ semi-trailer နှင့် dog trailer တစ်ခုပါဝင်သော တွဲဆက်ပေါင်းစပ်ယာဉ်များသည် ၃၆.၅ မီတာ မကျော်လွန်ရဘဲ ‘Class 2 Road Train Notice 2012’
နှင့်အညီသာပြေးဆွဲနိုင်သည်။
ကန့်သတ်လမ်းကြောင်းသုံး rigid vehicle နှင့် dog trailer နှစ်ခု
          ကန့်သတ်လမ်းကြောင်းသုံး ချိတ်ဆွဲယာဉ်၊ rigid vehicle နှင့် dog trailer နှစ်ခု ပါဝင်သော တွဲဆက်ပေါင်းစပ်ယာဉ်များသည် ၃၆.၅ မီတာ မကျော်လွန်ရဘဲ ‘Class 2 Road Train Notice 2012’ နှင့်အညီသာပြေးဆွဲနိုင်သည်။
ကန့်သတ်လမ်းကြောင်းသုံး ချိတ်ဆွဲယာဉ်၊ semi-trailer နှင့် dog trailer နှစ်ခု
          ကန့်သတ်လမ်းကြောင်းသုံး ချိတ်ဆွဲယာဉ်၊ semi-trailer နှင့် dog trailer နှစ်ခု ပါဝင်သော တွဲဆက်ပေါင်းစပ်ယာဉ်များသည် ၅၃.၅ မီတာ မကျော်လွန်ရဘဲ ‘Class 2 Road Train Notice 2012’ နှင့်အညီသာပြေးဆွဲနိုင်သည်။
ကန့်သတ်လမ်းကြောင်းသုံး AB သုံးခုတွဲ
          Converter dolly မှ semi-trailer နှစ်ခုသို့ fifth wheel coupling ဖြင့်ဆက်ထားသော ချိတ်ဆွဲယာဉ်နှင့်  semi-trailer ပေါင်းစပ်ယာဉ်ဖြစ်သည်။ ၎င်းပေါင်းစပ်ယာဉ်ကို သတ်မှတ်ထားသော ခွင့်ပြုပါမစ် တစ်ခုအောက်တွင်သာ/အရသာ ပြေးဆွဲနိုင်သည်။

ကန့်သတ်လမ်းကြောင်းသုံး B သုံးခုတွဲ
          semi-trailer သုံးခုကိုဆွဲသော ချိတ်ဆွဲယာဉ်ဖြစ်သည်။ ၎င်းပေါင်းစပ်ယာဉ်ကို သတ်မှတ် ထားသော ခွင့်ပြုပါမစ် တစ်ခုအောက်တွင်သာ/အရသာ ပြေးဆွဲနိုင်သည်။
ကန့်သတ်လမ်းကြောင်းသုံး BA သုံးခုတွဲ
          semi-trailer ကိုconverter dollyတစ်ခုဖြင့်ဆက်ထားသော B နှစ်ခုတွဲပေါင်းစပ်ယာဉ်တစ်စီး/မှု တစ်ခုဖြစ်သည်။
          သို့မဟုတ်၊ dog trailer တစ်ခုသို့ ဆက်ထားသောB နှစ်ခုတွဲပေါင်းစပ်ယာဉ်တစ်စီး/မှု တစ်ခု ဖြစ်သည်။
၎င်းပေါင်းစပ်ယာဉ်နှစ်ခုလုံးကို သတ်မှတ်ထားသော ခွင့်ပြုပါမစ်တစ်ခုအောက်တွင်သာ/ အရသာ ပြေးဆွဲနိုင်သည်။
၆.အခြားလိုအပ်ချက်များ (page 15-19)
အမြင့်
          ဝန်တင်ထားသည်ဖြစ်စေ(သို့) ဝန်မဲ့ဖြစ်စေအထွေထွေလမ်းကြောင်းသုံးယာဉ်တစ်စီး၏ အမြင့် သည် ၄.၃ မီတာ ဖြစ်သည်။
          ကန့်သတ်လမ်းကြောင်းသုံးယာဉ်တစ်စီးသည် အမြင့်ဆုံးကန့်သတ်ချက် ၄.၃ မီတာအမြင့်တွင် လုပ် ဆောင်နိုင်သည်။ သို့ရာတွင် ‘ ယာဉ်အမြင့် ၄.၆မီတာ လမ်းကြောင်း ကြေငြာချက် ၂၀၀၈’ အောက် တွင်၎င်း၊ အခြးသက်ဆိုင်သောခွင့်ပြုပါမစ်များ (နှင့်/သို့ ) ကြေငြာချက်များ မှတစ်ခုခုနှင့်သော်၎င်း အသုံးပြုရမည်။
အနံ
          ဝန်တင်ထားသည်ဖြစ်စေ(သို့) ဝန်မဲ့ဖြစ်စေ အထွေထွေလမ်းကြောင်းသုံးယာဉ်တစ်စီး၏အနံသည် ၂.၅ မီတာဖြစ်သည်။ ၎င်းသည်ကိုယ်ထည်ကိုကန့်လန့်ဖြတ်တိုင်းတာခြင်းဖြစ်ပြီးဘီးကာများပါဝင်သည်။ သို့သော်နောက်ကြည့်မှန်များ၊မီးများ၊အချက်ပြကိရိယာများ၊ဘေးတွငိတပ်ဆင်ထားသောမီးများနှင့် တာယာဖိအားစောင့်ကြည့်စစ်ဆေးစနစ်များမပါဝင်ပါ။ အနံ ၂.၅ မီတာထက်ကျော်လွန်ပါက  ကန့်သတ် လမ်းကြောင်းသုံးယာဉ်အဖြစ်စဉ်းစားရန်ဖြစ်ပြီးကြေငြာချက် (သို့) ခွင့်ပြုပါမစ်ကဲ့သို့သောသင့်လျော် သည့် RMS အတည်ပြုထောက်ခံချက် အောက်တွင်သာ လုပ်ဆောင်ရမည်။
အကွေ့စက်ဝိုင်း
          ချိတ်ဆွဲ/တွဲဆက်ဘက်စ်များမှအပမည်သည့်ယာဉ်မဆို မြေပြင်ညီ၌ တာယာလမ်းကြောင်း၏ အပြင်ဘက်ဆုံးလားရာတစ်ခုတွင်ရှိသည့် အကွေ့စက်ဝိုင်းတစ်ခုသည် အချင်း ၂၅ မီတာ ထက်မကျော်ရ။
မြေပြင်မှရှင်းလင်းမှု
          ၎င်း၏တာယာများ၊ဘီးများ၊ wheel-hubs, brake backing plate, and flexible mudflaps or mudguards မပါဝင်သောယာဉ်တစ်စီး၏အောက်ဘက်ပိုင်းမှမြေပြင်သို့ အကွာအဝေးအနည်းဆုံးသည် မြေပြင်မှရှင်းလင်းမှု ဖြစ်သည်။
          ယာဉ်အားလုံးသည် ဖေါ်ပြထားသောမြေပြင်မှရှင်းလင်းမှုလိုအပ်ချက်များနှင့်ကိုက်ညီရမည်။
အပေါ်ပုံတွင်အရိပ်ချယ်ပြသထားသော မြေပြင်မှရှင်းလင်းမှုအောက်ပါအတိုင်းဖြစ်ရမည်။
·        ဝန်ရိုးတစ်ချောင်း၏တစ်မီတာအတွင်းအမြင့်အနည်းဆုံး ၁၀၀ မီလီမီတာ ဖြစ်ရမည်
·        အမြင့်သည် ၎င်းတို့၏ကြား အလယ်မှတ်၌တိုင်းတာထားသော(အပေါ်ပုံ၌DA ) ကပ်နေသော ဝန်ရိုးများ၏ ဗဟိုများအကြား အကွာအဝေး၏အပုံ ၃၀ ပုံ၏ ၁ပုံ (၁/၃၀)အနည်းဆုံး ဖြစ်ရမည်၊
·        ယာဉ်သည်ထိပ်၏တစ်ဘက်ရှိလျောစောက်ပေါ်တွင် ယာဉ်၏ဝန်ရိုးတစ်ချောင်း၏ဘီးများနှင့် အခြားဘက်ရှိ လျောစောက်ပေါ်ရှိအနီးစပ်ဆုံးဝန်ရိုး၏ဘီးများဖြင့် တစ်ဘက်ဘက်တွင် ၁:၁၅ လျောစောက်ထိပ်ကို လမ်းတွင် ဖြတ်နိုင်ရမည်။
၁၆.၁၀.၂၀၀၇ နောက်ပိုင်းထုတ်လုပ်သောမော်တော်ယာဉ်များအတွက် အောက်ဖေါ်ပြပါလိုအပ်သည်။
·        မော်တော်ဆိုင်ကယ်မှအပ ယာဉ်တစ်စီးအတွက် ပြေးဆွဲချိန်တွင်ရှင်းလင်းမှု (Running clearance) ၁၀၀ မီလီမီတာထက်မနည်းရ
·        ပုံမှန်မောင်းနှင်သောအမြင့်နှင့်ဝန်အပြည့်တင်ထားသောအခါ ဘက်စ်ယာဉ်တစ်စီးသည် အထက် အပိုဒ် ၂ နှင့်မကိုက်ညီပါကမြေပြင်မှရှင်းလင်းမှု လိုအပ်ချက်များကိုက်ညီရန်ဘောင်ကိုလုံ လောက်စွာမြှင့်နိုင်သည့် ကိရိယာတစ်ခုကိုတပ်ဆင်ရမည်။
မှန်များ၏အစွန်းထွက်မှု
          အောက်တွင်ဖေါ်ပြထားသောခွင့်ပြုမှုမှလွဲ၍ယာဉ်၏အလေးချိန်စုစုပေါင်း (GVM)၃.၅ တန်ထက်
 ကျော်သည့်မော်တော်ယာဉ်တစ်စီး၏တစ်ဘက်ဘက်တွင် ယာဉ် (သို့) ပေါင်းစပ်မှု၏ အကျယ်ဆုံး အပိုင်းထက်လွန်၍ ၁၅၀မီလီမီတာထက်ပို၍အစွန်းမထွက်ရ။ (ပုံတွင် P ဖြင့်ပြထားသည်)
          သို့သော်အကယ်၍တစ်ဘက်ဘက်မှအကျယ်ဆုံးအပိုင်းအလွန်တွင် ၁၅၀မီလီမီတာထက် မကျော်အောင်ခေါက်နိုင်ပါကနောက်ကြည့်မှန်များသည် ယာဉ် (သို့) ပေါင်းစပ်မှု၏ အကျယ်ဆုံး အပိုင်းထက်လွန်၍ ၂၃၀ မီလီမီတာအထိအစွန်းထွက်နိုင်သည်။
          ၁၅.၈.၂၀၀၆ နောက်ပိုင်းထုတ်လုပ်သော ECE R46* နှင့်လိုက်လျောညီထွေဖြစ်ပြီး Austrilian Design Rule (ADR) 14/02ကိုလိုက်နာသော နောက်ကြည့်မှန်များအတွက် မှန်၏အောက်ဘက် အစွန်းသည် မြေပြင်မှ ၂ မီတာထက်လျော့နည်းလျင် ယာဉ် ၏အကျယ်ဆုံးအပိုင်းထက်လွန်၍ ၂၅၀ မီလီမီတာအထိ အစွန်းထွက်နိုင်သည်။
*UNECE Regulation No.46
အစွန်းထွက်သည့် ဝန်များ (သို့) ပစ္စည်းကိရိယာများ
          ဝန်များ (သို့) ပစ္စည်းကိရိယာများအစွန်းထွက်မှုအတွက်အောက်ဖေါ်ပြပါအတိုင်းအတာ ကန့် သတ်ချက်များသည် မော်တော်ဆိုင်ကယ် (သို့) ဆိုက်ကားတွဲဆက်မှုမှအပ ဝန်ပေါ့ယာဉ်ယာဉ်စုစုပေါင်း အလေးချိန် (GVM) (သို့) ယာဉ်နောက်တွဲပေါင်းစပ်မှု စုစုပေါင်းအလေးချိန် (GCM) ၄.၅ တန်နှင့် ၎င်းထက်နည်းသော ယာဉ်များအပေါ် သက်ရောက်သည်။
          မော်တော်ဆိုင်ကယ်အတိုင်းအတာကန့်သတ်ချက်များအတွက် VIS No.28 Guidelines for modifications to motorcycle တွင်ကြည့်ပါ။
          စက်ဘီးတင်ရန် ဆန့်ထုတ်ထားခြင်းများအတွက် အချက်အလက်များကို VIS !0 Carrying bicycles on motor vehicles တွင်ကြည့်ပါ။
၉.၅ မီတာအထိအလျားရှိသောဝန်ပေါ့ယာဉ်များ
၉.၅ မီတာထက်ပိုသောအလျားရှိသောဝန်ပေါ့ယာဉ်များ
ဝန်ပေါ့ယာဉ်နှင့်နောက်တွဲပေါင်းစပ်မှု
          အကယ်၍ ဤပေါင်းစပ်မှုတွင်နောက်တွဲသည် သာမာန်လက်လှေတင်ဆောင်ပါကအပိုသတင်း အချက် အလက်များအတွက် VSI No 43 Transporting rowing boatsကိုကြည့်ပါ။
          အကယ်၍ ဤပေါင်းစပ်မှုတွင်နောက်တွဲသည် ရွက်လှေငယ် တင်ဆောင်ပါကအပိုသတင်း အချက် အလက်များအတွက် VSI No 62 Transporting yacht on trailers ကိုကြည့်ပါ။
အစွန်းထွက်သည့်ဝန်များ(သို့)ပစ္စည်းကိရိယာများအတွက်သတိပေးအချက်ပြကိရိယာများ
(ဝန်ပေါ့ယာဉ်)
          အကယ်၍ယာဉ် (သို့) နောက်တွဲပေါင်းစပ်မှု၏အလျားစုစုပေါင်းအပေါ်တွင် ဝန် (သို့) ပစ္စည်းကိရိယာ အတူတွဲတင်ထား၍ ဝန်ပေါ့ယာဉ် (သို့) ဝန်ပေါ့ယာဉ်နှင့်နောက်တွဲ ပေါင်းစပ်မှုသည် ၁.၂ မီတာကျော်သောအစွန်းထွက်မှုတစ်ခုရှိနိုင်ပါက Regulation အရအတည်ပြုထားသော အောက်ပါ စပ်ဆိုင်သော ကန့်သတ်ချက်များအတွင်းရှိရမည်။
·        ဝန်ပေါ့ယာဉ်များတွင် ၁၂.၅ မီတာ
·        ဝန်ပေါ့ယာဉ်နှင့်နောက်တွဲ ပေါင်းစပ်မှုတွင် ၁၉.၀ မီတာ
          အကယ်၍နောက်သို့အစွန်းထွက်မှုသည် ၁.၂ မီတာ ထက်ကျော်ပါက ဝန် (သို့) ပစ္စည်းကိရိယာကို ၃၀၀ စတုရန်းမီတာထက်မသေးသော တောက်ပသည့်အ‌ရောင်ရှိသောအလံစ (သို့) ပစ္စည်းအပိုင်းအစ တစ်ခုဖြင့်တွဲထားရမည်။ အလံအတွက်ထပ်လောင်း၍ အမြင်စွမ်းအားကိုအကန့်အသတ်ဖြစ်နိုင်သော ရာသီဥတုမကောင်းချိန် (သို့) ညအခါတွင် ခရီးသွားသည့်အခါ  အနီရောင်မီးတစ်လုံး (သို့) ရောင်ပြန် (၂)ခု တပ်ဆင်ထားရမည်။
·        အနီရောင်မီးသည် ၂၀၀ မီတာအကွာမှမြင်နိုင်ရန်လိုအပ်သည်။
·        ရောင်ပြန်များသည် အနီရောင်အလင်းပြန်မှုထွက်ပေါ်နိုင်ရမည်။
          ယာဉ်နောက်မှတိုက်ရိုက်/တည့်တည့်လိုက်ပါသူတစ်ယောက်ကိုအလွယ်တကူမမြင်နိုင်သော လမ်းကြောင်းတွင်အစွန်းကျနေပါက အစွန်းထွက်မှု ၁.၂ မီတာထက်နည်းသော မည်သည့်ဝန် (သို့) ပစ္စည်း ကိရိယာမဆို ဤလိုအပ်ချက်များ သက်ရောက်သည်/ အကျုံးဝင်သည်။
အစွန်းထွက်သည့် ဝန်များ (ဝန်လေးယာဉ်ကြီး)
          အစွန်းထွက်သည့်ဝန်များအတွက် ဖေါ်ပြပါအတိုင်းအတာကန့်သတ်ချက်များကို အောက်ပါ တို့တွင်သက်ရောက် ပါသည်။
·        ၄.၅ တန်ထက်ကျော်သော GVM ရှိသည့်ယာဉ်အားလုံး
·        ၄.၅ တန်ထက်ကျော်သောGCM ရှိသည့်ပေါင်းစပ်မှုအားလုံး
·        ယာဉ်အပါအဝင် ၄.၅ တန်ထက်ကျော်သော GVM ရှိသည့်ပေါင်းစပ်မှုအားလုံး
          မော်တော်ယာဉ်အသုံးပြုရာ၌ ကြေငြာချက် (သို့) ခွင့်ပြုပါမစ် တစ်ခုအောက်တွင် မရှိလျှင် အစွန်းထွက်သည့်ဝန်များသည်ထိုကန့်သတ်ချက်များကိုမကျော်လွန်ရပါ။
          အကယ်၍ဤအုပ်စုတွင်ယာဉ်နှင့်နောက်တွဲပေါင်းစပ်မှု၌နောက်တွဲပေါ်တွင် ရွက်လှေငယ်တင် ဆောင်ပါကအပိုသတင်းအချက်အလက်များအတွက် VSI No 62 Transporting Yachts on trailer တွင်ကြည့်ပါ။
အစွန်းထွက်သည့် ဝန်များအတွက် သတိပေးအချက်ပြကိရိယာများ (ဝန်လေးယာဉ်)
          အကယ်၍ ယာဉ် (သို့) နောက်တွဲပေါင်း စပ်မှု၏အလျားစုစုပေါင်းအပေါ်တွင် ဝန် (သို့) ပစ္စည်း ကိရိယာအတူတွဲတင်ထား၍ ဝန်ပေါ့ယာဉ် (သို့)ဝန်ပေါ့ယာဉ်နှင့်နောက်တွဲ ပေါင်းစပ်မှုသည် ၁.၂ မီတာ ကျော်သောအစွန်းထွက်မှုတစ်ခုရှိပါက Regulation အရအတည်ပြုထားသောအောက်ပါစပ်ဆိုင်သော ကန့်သတ်ချက်များအတွင်းရှိရမည်။
·        ဝန်လေးယာဉ်များတွင် ၁၂.၅ မီတာ
·        ဝန်လေးယာဉ်နှင့်နောက်တွဲ ပေါင်းစပ်မှုတွင် ၁၉.၀ မီတာ
          အခြားအခြေအနေတစ်ရပ်၌ဝန်၏နောက်သို့ အစွန်းထွက်မှုသည် ၁.၂ မီတာထက်ပိုမိုပါက ဝန်၏ နောက်ဘက်တွင် သတိပေးအချက်ပြတပ်ဆင်ထားရမည်။ ၎င်းမှာ
·        နေ့အချိန်၌ ဘေး ၂ ဘက်တွင် အလျား၃၀၀ မီတာထက်မတိုသော တောက်ပသည့် အရောင်ရှိသောအလံစ (သို့) ပစ္စည်းအပိုင်းအစ
·        ညအချိန်၌ ၂၀၀ မီတာအကွာမှ မြင်နိုင်သောအနီရောင်မီးတစ်လုံး
          ယာဉ်နောက်မှတိုက်ရိုက်/တည့်တည့် လိုက်ပါသူတစ်ယောက်ကို အလွယ်တကူမမြင်နိုင်သော လမ်းကြောင်းတွင် အစွန်းကျနေပါက အစွန်းထွက်မှု ၁.၂ မီတာထက်နည်းသော မည်သည့်ဝန် (သို့) ပစ္စည်း ကိရိယာမဆို ဤလိုအပ်ချက်များ သက်ရောက် / အကျုံးဝင်ကြောင်းထောက်ခံသည်။
အနောက်သို့ အပေါ်မှအုပ်မိုးမှု (REAR OVERHANG) 
          အနောက်သို့ အပေါ်မှအုပ်မိုးမှု (ROH)သည် ROH မျဉ်းနှင့် ယာဉ်၏နောက်ဘက်ပိုင်းအကြား အကွာအဝေး ဖြစ်သည်။
          ROHမျဉ်းကိုအောက်ပါအတိုင်း ဆုံးဖြတ်သည်။


ပြန်လည်ဆွဲယူနိုင်သော /အတင်အချပြုလုပ်နိုင်သောဝန်ရိုး/များ Retractable axle/s
          ပြန်လည်ဆွဲယူနိုင်သော (အတင်အချပြုလုပ်နိုင်သော) ဝန်ရိုး/များ Retractable axle/s တပ်ဆင်ထားသောယာဉ်၌ (ဝန်ရိုး)ပုံသဏ္ဍန်ဖွဲ့စည်းပုံအားလုံးတွင် အနောက်သို့အပေါ်မှအုပ်မိုးမှု (ROH) နှင့်စပ်ဆိုင်သည့် လိုအပ်ချက်အားလုံးအားလိုက်နာရမည်။
ပဲ့ကိုင်/လှည့်နိုင်သော ဝန်ရိုး/များ Steerable Axle/s
          အုပ်စုရှိဝန်ရိုးအားလုံးသည်ပဲ့ကိုင်/လှည့်နိုင်သောဝန်ရိုးမဟုတ်လျှင် အနောက်ဘက်ဝန်ရိုးအုပ်စု တွင် ပဲ့ကိုင်/လှည့်နိုင်သောဝန်ရိုးတစ်ချောင်း (A Steerable Axle) အားအနောက်သို့အပေါ်မှအုပ်မိုးမှု (ROH) အားဆုံးဖြတ်ရန်ရည်ရွယ်ချက်အတွက် ဂရုမပြုပါ/မစဉ်းစားပါ။ အကယ်၍အုပ်စုရှိဝန်ရိုး အားလုံးသည်ပဲ့ကိုင်/လှည့်နိုင်သောဝန်ရိုးများဖြစ်ပါကအနောက်သို့အပေါ်မှအုပ်မိုးမှုမျဉ်းကို အတည် ခိုင်မြဲအောင် (အသေ) တပ်ဆင်ထားသည့်ဝန်ရိုးအုပ်စုအတွက်နည်းလမ်းအတိုင်း ဆုံးဖြတ်ရမည်။ ဆုံလည် / ကွင်းဆက် ကက်စ်တာပုံစံ (swiveling caster type) ဘီး စသည်ကဲ့သို့ယာဉ်၏ပဲ့ကိုင် (တပ်ဆင်ထား)မှုသို့ချိတ်ဆက်ထားခြင်း မရှိသောဘီးများကို ပဲ့ကိုင်/လှည့်နိုင်သော(ဘီး)အဖြစ် မစဉ်းစားဘဲ ၎င်းနှင့်တွဲထားသော ဝန်ရိုးတစ်ခုခုသည်လည်း ပဲ့ကိုင်/လှည့်နိုင်သောဝန်ရိုးမဟုတ်ပါ။

AXLES AND AXLE GROUPS ဝန်ရီုးနှင့်ဝန်ရိုးအုပ်စုများ
          ဝန်ရိုးအုပ်စုတစ်ခုသည် ဝန်ရိုးတစ်ချောင်းအုပ်စု၊ ရှေနောက်အတန်းဝန်ရိုးအုပ်စု၊ ဝန်ရိုး ၃ ချောင်း အုပ်စု၊ ဝန်ရိုး ၄ ချောင်းအုပ်စု(သို့) နှစ်ခုတွဲပဲ့ကိုင်ဝန်ရိုးအုပ်စုတို့ဖြစ်ပါသည်။  Rigid ယာဉ်များနှင့် Prime mover များကို ဝန်ရိုး အုပ်စု (၂)ခုဖြင့်သာ ထောက်ပေးထားပါသည်။ ရှေ့ဝန်ရိုးအုပ်စု၏ဘီးများသည် ယာဉ်အတွက်ပဲ့ကိုင် (တပ်ဆင် ထား)မှုတစ်ခုသို့ ဆက်သွယ်ထားရပါမည်။
          ၂၈.၄.၁၉၇၈ နောက်ပိုင်း  တွင်မှတ်ပုံတင်ထားသောယာဉ်များ၏ဝန်ရိုးအုပ်စုများသည် ပုံများတွင် ဖေါ်ပြထားသည့် အတိုင်းအတာကန့်သတ်ချက်များအတွင်း ရှိရမည်။ အကယ်၍ ယာဉ်တစ်စီးသည် ၂၈.၄.၇၈ နောက်ပိုင်းတွင်ပြုပြင်တည်ဆောက်ခဲ့ပါက ထိုပြုပြင်တည်ဆောက်မှုသည် ဤလိုအပ်ချက် များနှင့် ကိုက်ညီရမည်။
Single axle group ဝန်ရိုးတစ်ချောင်းအုပ်စု
          ဝန်ရိုး ၂ ခု (သို့) ၎င်းထက်ပိုသော ဝန်ရိုးအုပ်စုတစ်ခုတွင် အပြင်ဘက်ဆုံးဝန်ရိုးများ၏ အလယ် မျဉ်းများကြား အကွာအဝေး ‘D’ သည် ၁ မီတာထက်နည်းရမည်။   
Tandem axle group ရှေနောက်အတန်းဝန်ရိုးအုပ်စု
          ဝန်ရိုး ၂ ခု (သို့) ၎င်းထက်ပိုသောဝန်ရိုးအုပ်စုတစ်ခုတွင် အပြင်ဘက်ဆုံးဝန်ရိုးများ၏ အလယ် မျဉ်းများကြား အကွာအဝေး ‘D’ သည် အနည်းဆုံး ၁ မီတာရှိရမည်။ သို့သော် ၂ မီတာထက်မပိုရ။
Tri-axle group ဝန်ရိုး ၃ ချောင်းအုပ်စု
          ဝန်ရိုး ၃ ခု (သို့) ၎င်းထက်ပိုသော ဝန်ရိုးအုပ်စုတစ်ခုတွင် အပြင်ဘက်ဆုံးဝန်ရိုးများ၏ အလယ် မျဉ်းများကြား အကွာအဝေး ‘D’ သည် ၂မီတာထက်ကျော်ရမည်။ သို့သော် ၃.၂ မီတာထက်မပိုရ။
Quad-axle Group ဝန်ရိုး ၄ ချောင်းအုပ်စု
          ဝန်ရိုး ၄ ခု ရှိသော ဝန်ရိုးအုပ်စုတစ်ခုတွင် အပြင်ဘက်ဆုံးဝန်ရိုးများ၏ အလယ်မျဉ်းများကြား အကွာအဝေး ‘D’ သည် ၃.၂မီတာထက်ကျော်ရမည်။ သို့သော် ၄.၉ မီတာထက်မပိုရ။
Twinsteer axle Group နှစ်ခုတွဲပဲ့ကိုင်ဝန်ရိုးအုပ်စု
          ယာဉ်တွင်တပ်ဆင်ထားသောတာယာများတစ်လုံးသာရှိသောပဲ့ကိုင်လှည့်နိုင်သောဝန်ရိုးနှစ်ခု အုပ်စုတစ်ခုတွင် ဝန်ရိုးများ၏အလယ်မျဉ်းများကြား အကွာအဝေး ‘D’ သည် အနည်းဆုံး ၁ မီတာ ရှိရမည်။ သို့သော် ၂ မီတာထက်မပိုရ။
          နှစ်ခုတွဲပဲ့ကိုင်ဝန်ရိုးအုပ်စုနှင့်ယာဉ်တစ်စီးအတွက် ဘီးခွင်ကိုဆုံးဖြတ်သည့်အခါ ရှေ့ဝန်ရိုးကို အသုံးပြု ရမည်။
Load-sharing axle groups ဝန်ရီုးအုပ်စုများတွင်ဝန်ခွဲဝေခြင်း
          လမ်းများအားကာကွယ်နိုင်ရေးအတွက် ရှေနောက်အတန်းဝန်ရိုးအုပ်စု၊ ဝန်ရိုး ၃ ချောင်းအုပ်စု (သို့) ဝန်ရိုး ၄ ချောင်းအုပ်စုများအား ထိရောက်သည့်ဝန်ခွဲဝေမှုစနစ်တစ်ခုချမှတ်ပေးရမည်။ ပြန်လည်ဆွဲယူနိုင်သော(အတင်အချပြုလုပ်နိုင်သော)ဝန်ရိုး/များ Retractable axle/s ကိုအောက်ချ ထားသောအခါ ပြန်လည်ဆွဲယူနိုင်သော(အတင်အချပြုလုပ်နိုင်သော)ဝန်ရိုးတစ်ခုသည် အုပ်စုရှိ အခြားဝန်ရိုးများနှင့်ဝန်အားခွဲဝေယူနိုင်ရမည်/မျှထမ်းနိုင်ရမည်။ နှစ်ခုတွဲပဲ့ကိုင်ဝန်ရိုးအုပ်စုတွင် ဝန်ခွဲဝေမှု (သို့) ဝန်ခွဲဝေမှုမရှိခြင်း ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေအကယ်၍ဝန်အားခွဲဝေမှုမရှိလျှင် အလေးချိန်ကန့်သတ်မှု/ပမာဏ အနည်းငယ်သာ သက်ရောက်သည်။ ဝန်နှင့်ဝန်အားခွဲဝေမှု လိုအပ်ချက် အပေါ် အခြားသတင်းအချက်အလက်များအတွက် အောက်ပါတို့ကိုရည်ညွှန်းပါသည်။
၇.       စိုက်ပျိုးရေးလုပ်ငန်းယာဉ်များ
          အထွေထွေလမ်းကြောင်းသုံး စိုက်ပျိုးရေးလုပ်ငန်းယာဉ်များ (သို့) ပေါင်းစပ်မှုများအတွက်
 အတိုင်းအတာ ကန့်သတ်ချက်အမြင့်ဆုံးများမှာအောက်ပါတို့ဖြစ်သည်။
          အထွေထွေလမ်းကြောင်းသုံး စိုက်ပျိုးရေးလုပ်ငန်းယာဉ် (သို့) ပေါင်းစပ်မှုတစ်ခုသည် အထက်တွင်ဖေါ်ပြအတိုင်းအတာများမှတစ်ခုခုထက် ကျော်လွန်ပါက  ကန့်သတ်လမ်းကြောင်းသုံးယာဉ် (သို့) ပေါင်းစပ်မှုတစ်ခုဖြစ်ပြီး ကြေငြာချက် (သို့) ပါမစ်ခွင့်ပြုချက်တစ်ခုအောက်တွင်သာ သုံးစွဲရမည်။
၈.       ခက်ဆစ်များ
          Converter Dolly ဆိုသည်မှာ  semi-trailer  မှ pig trailer သို့ပြောင်းလဲနိုင်ရန်ဒီဇိုင်းပြုလုပ် ထားသော Fifth wheel coupling ပါသည့်dog trailer ဖြစ်သည်။
Gross combination Mass
          Gross combination Massသည် ၎င်း၏ GVMနှင့် ပေါင်းစပ်ပါကဆွဲနိုင်သော နောက်တွဲယာဉ် တစ်စီးစီး၏ (သို့မဟုတ် မော်တော်ယာဉ်) အလေးချိန်ခံနိုင်ဝန်အမြင့်ဆုံးတို့ပေါင်းခြင်းကရရှိသည့် ထုတ်လုပ်သူကသတ်မှတ်ထားသောတန်ဘိုးဖြစ်သည်။
Gross vehicle Mass
          Gross vehicle Massသည် ယာဉ်၏ အလေးချိန်ခံနိုင်ဝန်အမြင့်ဆုံးဖြစ်သည်။
·        မော်တော်ယာဉ်ထုတ်လုပ်သူက သတ်မှတ်ထားချက်အရ
·        အကယ်၍ (အောက်ပါအခြေအနေ တွင်) RMS ကသတ်မှတ်ထားချက်အရ
Ø  မော်တော်ယာဉ်ထုတ်လုပ်သူက အလေးချိန်ခံနိုင်ဝန်အမြင့်ဆုံးသတ်မှတ် (specify) ပေးမထားသော (သို့မဟုတ်)
Ø  မော်တော်ယာဉ်ထုတ်လုပ်သူက သတ်မှတ် (identify)မပေးနိုင်သော
Ø  ထုတ်လုပ်သူ၏သတ်မှတ်ချက်သည် ရေရှည်တွင် သင့်လျော်မှုမရှိ၍ ယာဉ်အားပမာဏ တစ်ခုသို့ ပြုပြင်ပြောင်းလဲရသည့်အခါ
Plant
          Plantသည် လမ်းပေါ်တွင် ခရီးသည်နှင့်ကုန်စည်များသယ်ဆောင်နိုင်ခြင်းမရှိသည့် ပစ္စည်း ကိရိယာ (သို့) စက်တစ်ခုကဲ့သို့ လုပ်ဆောင်ရန်တည်ဆောက်ထားသော မော်တော်ယာဉ်ဖြစ်ပါသည်။
Retractable axle
Retractable axleသည်ဝန်ရိုးပေါ်ရှိတာယာအားမြေပြင်နှင့်မထိအောင်မြှောက်တင် ထားနိုင် သော
 ဝန်ရိုးတစ်ခုဖြစ်ပါသည်။
Running Clearance
          Running Clearanceသည် ဝန်မဲ့အခြေအနေတွင်ရပ်ထားသောယာဉ်၏ မြေမျက်နှာပြင်မှ ဒဏ်ခံစနစ်နှင့် ပတ်သက်သောအလေးချိန်/အရာများ (Unsprung mass) မပါဝင်သည့်ယာဉ်၏ အနိမ့်ဆုံးအမှတ်သို့ အကွာအဝေးဖြစ်သည်။
‘S’ dimension
          ‘S’ dimensionသည် semi-trailer ၏ရှေ့ဘက်ရှိ ချိတ်ဆက်အမှတ်နှင့် ROHမျဉ်းကြား အကွာအဝေးဖြစ်သည်။
Special Purpose Vehicle (SPV)
Steerable axle
Trailer


No comments:

Post a Comment