Friday, December 19, 2014

ပို့ဆောင်ရေးစာစု ( ၂ )



              ပို့ဆောင်ရေးလုပ်ငန်းအတွက် အခြေခံ အဆောက်အဦးတွေမှာ ငွေကြေးအပြင်
နည်းပညာ ဆိုင်ရာ လိုအပ်ချက်လည်း ရှိပါတယ်၊ အဲဒါကို  အများပြည်သူ ရန်ပုံငွေနဲ့
လုပ်ဆောင် နိုင်ရင် ကောင်းပါတယ်၊ ဗဟိုအစိုးရနဲ့  ဒေသအစိုးရတို့ မျှခံသုံးစွဲရမှာပါ၊ 
ဖွံ့ဖြိုးရေကိုအဓိကဆောင်ရွက်တဲ့မြို့တော်ဝန်ရဲ့အကူအညီကအဓိကကျပါတယ်။ လုပ်ငန်း
လည်ပတ်မှုနဲ့ဆက်လက်ကောင်းမွန်အောင်လုပ်ဘို့ ကုမ္ပဏီတွေက ဆောင်ရွက်ရမှာပါ။
              မြို့ပြ ပို့ဆောင်ရေး တိုးတက်စေဘို့ Master Plan  တွေရှိရမှာပါ၊ရေတို၊ 
ရေရှည်၊နှစ်ကာလ အပိုင်းအခြား အလိုက် ဆောင်ရွက်သွားရမှာပါ၊ စီမံချက်တွေကို 
စိစစ်ပြီးဥပဒေနည်းဉပဒေတွေ လုပ်ထုံးလုပ်နည်းတွေထုတ်ပြန် အတည်ပြုပြီးမှ
 သက်ဆိုင်ရာ ကုမ္ပဏီ၊အဖွဲ့အစည်းတွေကဆက်လက် လုပ်ဆောင်ရတာပါ၊
ကြာပေမယ့် ရလာဒ်ကောင်းတွေ ရမှာပါ၊
               ရေတိုအနေနဲ့ ရထားလမ်းပိုင်းမှာ လမ်းကြောင်းနဲ့ ဘူတာရုံတွေကို ပြုပြင် 
မွမ်းမံ နိုင်ရင်တောင် ခရီးသည်တွေကို ဆွဲဆောင်နိုင်မှာပါ၊ မှန်ဖို့ မြန်ဖို့ လုံခြုံစိတ်ချ 
ရဖို့တော့ ရေရှည်ဆောင်ရွက် ရမှာပါ၊ ခရီးသည်တွေကို ဆွဲဆောင်နိုင်ရင် ရထားစီးတဲ့သူ 
များလာပြီး  ဘူတာရုံ အနီးတဝိုက်မှာလည်းမြို့ပြ ဖွံ့ဖြိုးတိုးတက်မှုတွေ 
ရှိလာနိုင်မှာပါ။ မော်တော်ယာဉ်တွေရဲ့ ယာဉ်ကြော ကြပ်တည်းမှု လျော့လာမှာပါ။
               ဘက်စ် ကားလုပ်ငန်းမှာ  လမ်းကြောင်းများ၊ ရပ်နားရန်နေရာများ၊ 
အချိန်ဇယား၊ စီးနင်းခ ၊ စတာတွေကို စပြီး စဉ်းစားရမှာပါ၊  အရ/အသုံးစနစ်ကို
 ချိန်ညှိ ကြည့်ရမှာပါ။ခန့်မှန်းချက်တွေ၊ လေ့လာမှုတွေကတဆင့်ပေါ့။ လုပ်ဆောင်မှုအပိုင်း 
မှာတော့ယာဉ်နှင့် ယာဉ်မောင်းကို စီမံခန့်ခွဲ ရမှာပါ။
                  မော်တော်ယာဉ် များလာရင်  သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာများ
 ဖြေရှင်းဖို့၊ ယာဉ်တိုက်မှုများ မဖြစ်အောင် ကာကွယ်ဖို့နဲ့ ယာဉ်ကြော ကြပ်တည်းမှု
တွေကို ဖြေရှင်းရမှာပါ၊ကိုယ်ပိုင်ယာဉ်နှင့်အများပြည်သူသယ်ယူပို့ဆောင်ရေး အကြား  
လမ်းအသုံးပြု စနစ် ဟန်ချက်ညီအောင် လုပ်ဆောင်ပေးဘို့ လိုလာမှာပါ။လူတွေနဲ့
 သဟဇာတဖြစ်တဲ့ဘက်စ်ကားစနစ် လုပ်ပြီး စီးချင်လာအောင် ဆွဲဆောင်ရမှာပါ။
 ခရီးသည် မှာလည်းအထွေထွေ ကိစ္စတွေနဲ့ သွားသူတွေ၊ ပုံမှန်ခရီးသည် ၊ အလည်အပတ်
 သွားသူတွေ စသဖြင့် အမျိုးမျိုးဆိုတော့ အသုံးပြုရမယ့် ယာဉ်ပုံစံ၊ လမ်းကြောင်း၊ 
ဂိတ်တွေ ကိုလည်း လုပ်ဆောင်ပေးရမှာပါ။
                ဘက်စ်ကားတွေ စနစ်တကျ ပြေးဆွဲဘို့ဆိုရင် လုပ်ထုံးလုပ်နည်း၊   
လမ်းကြောင်းအတိုင်း ဝန်ဆောင်မှုပေးနိုင်မယ့် အခြေအနေ၊ ဝန်ဆောင်မှုပေးဖို့ 
အစီအစဉ်တွေ၊ စီမံခန့်ခွဲမှုတွေ၊ စောဒကတက်မှုများ ဖြေရှင်းပေးမည့်စနစ်၊ လုပ်ငန်း
မန်နေဂျာများ ၏ တာဝန်များ၊ ယာဉ်မောင်းများ၏ အရည်အချင်းလိုအပ်ချက်၊ 
ဝန်ဆောင်မှုလုပ်ဆောင်မည့်အဖွဲ့၏ ဘဏ္ဍာရေးဆိုင်ရာ တာဝန်ခံနိုင်မှု၊ စတာတွေ ပါလာမှာပါ။
               ယာဉ်စီးခတွေကို အစိုးရအဖွဲ.အစည်းကသတ်မှတ်ပေးပြီး ယာဉ်စီးတဲ့
 အကွာအဝေး၊ နေရာအလိုက်၊ ကျောင်းသား၊ ကူပွန်၊ လမ်းကြောင်းတစ်ခု ၊ တစ်နေ့တာ
အတွက် ၊အချိန်အတိုင်းအတာ တစ်ခုအတွက် စသဖြင့် စနစ်တကျ ကောက်ခံနိုင်ရင် 
ပိုကောင်းမှာပါ။
               ဘက်စ်ကားစနစ်မှာ အများပြည်သူ ပို့ဆောင်ရေး ယာဉ်များ အား ဦးစားပေး 
စနစ်( PTPS, Public Transportation Priority System ) အသုံးပြုရင် 
ဘက်စ်ကားများ အချိန်မှန်လာခြင်း၊ အချိန်ပေးရမှု လျော့သွားခြင်း၊ဘက်စ်ကားစီး 
ခရီးသည်ပိုလာခြင်း စတဲ့ အကျိုးတွေ ရရှိမှာပါ။ကိုယ်ပိုင်ကား အသုံးပြုသူ 
နည်းလာရင် ယာဉ်ကြောကြပ်တည်းမှုနဲ့ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ 
ပြဿနာတွေ အထိုက်အလျောက်လျော့ကျသွားမှာပါ။
               BRT စနစ်ဟာ  ပုံမှန်ဘက်စ်ကားစနစ်ကို အခြေခံပြီး  ဘက်စ်ကားတွဲ
 (Articulated Bus ) နဲ့ အများ ပြည်သူပို့ဆောင်ရေး ဦးစားပေးစနစ် ( PTPS)  ကို 
သုံးထားတာ မို့လို့ လူများများ ပို့ဆောင်နိုင်ခြင်း၊ လျှင်မြန်ခြင်းနှင့် အချိန်တိကျမှု တွေ
 ရလာပြီး ပို့ဆောင်ရေး တိုးတက်လာနိုင်ပါတယ်။ 
                အဲဒီအတွက် ဘက်စ် ကားလမ်းသက်သက်ပြုလုပ်ပေးခြင်း၊ ဘက်စ် 
 ဦးစားပေး လမ်း လုပ်ပေးခြင်း၊ မီးပွိုင့်စနစ်တွင် ဘက်စ် များကို ဦးစားပေးခြင်း၊
 မြန်အောင်၊ အချိန်ဇယားအတိုင်း သွားနိုင်အောင် လုပ်ပေးခြင်း၊ ဘက်စ် နှင့် ကားဂိတ် 
များ အဆင့် မြှင့်တင်ပေးခြင်း၊  ကားရောက်ရှိသော နေရာများကို ဖော်ပြပေးနိုင်သည့်
 စနစ်များကိုလုပ်ဆောင်ပေးခြင်း စတာတွေလိုလာမှာပါ။
               ပို့ဆောင်ရေး ကွန်ယက်ကို အကောင်းဆုံး အခြေအနေ ရဘို့ ချိန်ညှိ 
ပေးရမှာပါ။ ဒေသတွင်း ပို့ဆောင်ရေးစနစ်အသုံးတည့်မှုနဲ့ အသုံးပြုသူတွေရဲ့ အတွေ့အကြုံ
များကဒေသ အခြေအနေနဲ့ လိုက်ဖက်တဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကို ဖွံ့ဖြိုး
တိုးတက်အောင် လုပ်ဆောင်နိုင်မှာပါ။

No comments:

Post a Comment