Friday, December 12, 2014

ပို့ဆောင်ရေးစာစု (၁ )



                     ကာဗွန်လျော့နည်းရေး၊   ပတ်ဝန်းကျင် ညစ်ညမ်းမှု လျော့နည်းရေး အတွက် ပို့ဆောင်ရေး လုပ်ငန်းတွေမှာ ယေဘူယျ အနေနဲ့ ဒါတွေ လိုမှာပါ။

                     ( က )မော်တော်ယာဉ် စံနှုန်းများ သတ်မှတ်ခြင်း၊
                     (  ခ )သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသည့်ယာဉ်များ အသုံးပြုခြင်း၊
                     ( ဂ  )အများပြည်သူသုံးယာဉ်များ အသုံးပြုခြင်း၊

  
                      သဘာဝပတ်ဝန်းကျင်အထောက်အကူပြုဘို့ဆိုပေမယ့်ပို့ဆောင်ရေးမှာ
ယာဉ်အန္တရာယ် ကင်းရှင်းမှု၊ လုံခြုံစိတ်ချရမှုနှင့် အသုံးပြုသူများနှင့် အကျွမ်းဝင်မှု  စတာ
တွေကိုဖယ်ထားလို့မရပါဘူး၊  စံနှုန်းတွေရှိပေမယ့်  တချို့စံနှုန်းတွေဟာ နိုင်ငံတိုင်းမှာ အကောင်အထည် ဖော်လို့မရပါဘူး။ ပို့ဆောင်ရေးစနစ် ကောင်းဘို့အတွက် စဉ်စားရမှာတွေက အများကြီးပါ ၊အဲဒီထဲကမှသိသလောက်ရေးရရင်

                       ( က )သဘာဝဝန်းကျင်

                       (  ခ ) ယာဉ်အန္တရာယ်ကင်းမှုနှင့်လုံခြုံစိတ်ချရမှု

                       ( ဂ  ) အသုံးပြုသူများနှင့်အကျွမ်းတဝင်ရှိမှု
  
                       ( ဃ )ယာဉ်တစ်စီးချင်းစီ၏ မီးခိုးငွေ့ထုတ်လွှင့်မှုလျှော့ချနိုင်မှု

                       ( င )  CO2 လျော့ချခြင်းလုပ်ငန်းများကို မြင်သာထင်သာ    
                                 
                              လုပ်ဆောင်နိုင်မှု

                       ( စ )  အများပြည်သူ ပို့ဆောင်ရေး လုပ်ငန်းတိုးတက်ကောင်းမွန်မှု

                       ( ဆ )စိမ်းလန်းစိုပြေရေးလုပ်ငန်းများတွင်  ပုဂ္ဂလိကလုပ်ငန်းများ

                              ဖေါ်ဆောင်နိုင်မှု

                      ( ဇ )  ယာဉ်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများဆောင်ရွက်နိုင်မှု 

                      ( ဈ ) ယာဉ်သွားလာ စီးဆင်းမှုအ​​​​ခြေအနေ ကောင်းမွန်မှု
  
                      ( ည ) နိုင်ငံအလိုက် မတူညီတဲ့စိန်ခေါ်မှုတွေကို အလေးထား

                               ဆောင်ရွက်နိုင်မှု
                
                      အများပြည်သူပို့ဆောင်ရေး စနစ်မှာလူအများအသုံးပြုဘို့ 
ပလက်ဖောင်းတွေ၊ Busကားဂိတ်တွေမှာယာဉ်ရောက်ရှိမည့်အချိန်ညွှန်ပြချက်၊ မြေပုံ၊ 
 လမ်းကြောင်း စတာတွေ လိုအပ် ပါတယ်။ အီလက်ထရွန်နစ် ကဒ်တွေကိုယာဉ်အသုံး 
ပြုသူများ အကျွမ်းတဝင် ရှိအောင် လုပ်ဆောင်ရမှာပါ၊BRT စနစ်၊ယာဉ်စစ်ဆေးခြင်း၊
 Hybrid ကားများ  သုံးစွဲခြင်းများဖြင့်  မီးခိုးငွေ့ လျော့ချနိုင်ပါတယ်၊

                      Electronic Card  များ အသုံးပြုနိုင်ခြင်း၊BRT/LRT/MRT   များ
ဆောင်ရွက်ခြင်း၊  ဖုန်းနှင့် အင်တာနက်များမှ တဆင့် ယာဉ်တည်နေရာပြစနစ် 
လုပ်ဆောင်ခြင်း၊ လမ်းအသုံးပြုသူများ  ယာဉ်အန္တရာယ်   ကင်းဝေးစေရေးအတွက် 
 မြို့တွင်း   တည်ဆောက်ရေး လုပ်ငန်းများ    လုပ်ဆောင်ရာတွင် လူသွားလမ်းများ၊ 
ဘူတာရုံများ၊     ယာဉ်ရပ်နားကွင်းများတပြိုင်နက်   ကောင်းမွန်အောင်လုပ်ခြင်း၊   ရထားလမ်းများနှင့်   အမြန်ကားများ၊Taxi  များ ၊ဘက်စ်ကားများကို ချိတ်ဆက် ပေးနိုင်ခြင်းတွေကလမ်းပမ်းဆက်သွယ်ရေးပိုကောင်းစေပါတယ်၊
                     အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာဝန်ဆောင်မှုအနေနဲ့
ယာဉ်များပိုမို  ပြေးဆွဲပေးခြင်း၊  ယာဉ်စီးခများ   လျော့ချပေးခြင်း၊    Bus  ကားများ 
အတွက်  သတ်မှတ်လမ်းကြောင်းများ၊ Bus တည်နေရာပြ စနစ်၊ကဒ်စနစ် စတာတွေ
 ကောင်းမွန်အောင် လုပ်ဘို့လိုမှာပါ။  ယာဉ်ပြေးဆွဲတဲ့ လမ်းတစ်လျှောက် လူနေ
အိမ်ယာများတည်ဆောက်ပေးခြင်း၊လူသွားလမ်းများဖော်ဆောင်ပေးခြင်း၊ ရပ်ကွက်တွေမှာ
စက်ဘီး အသုံးပြုသည့်စနစ်တိုးတက်အောင်  လုပ်ပေးခြင်း၊ ယာဉ်များကို ပတ်လမ်းစနစ် ဖြင့်ပြေးဆွဲစေပြီး အခြားနေရာ များသို့သွားသည့်  ယာဉ်လိုင်းများနှင့်  ချိတ်ဆက်ပေးနိုင်ရန် ယာဉ်ကွင်းများ  ဖော်ဆောင်ပေးခြင်း၊ Taxiယာဉ်များအား လိုအပ်က ခေါ်ယူ အသုံးပြု နိုင်ရန်လုပ်ဆောင်ခြင်း၊စတာတွေဖြစ်လာဘို့လိုပါတယ်၊
                      LRT/ BRT စနစ်   သုံးစွဲရင်  အတက်အဆင်း လွယ်ကူမှု ၊ အချိန်
 တိကျမှု ၊မြန်ဆန်မှု ၊ သာမာန်ကားလမ်းများ/ ကားရပ်ရန်နေရာများတွင် အသုံးပြုနိုင်မှု၊  
လူပိုမို တင်ဆောင်နိုင်မှု  စတာတွေကြောင့်  ပို့ဆောင်ရေးစနစ်ကောင်းမွန်ပြီး CO2 
 ထုတ်လွှင့်မှုလည်း လျော့ချလာနိုင်မှာပါ။
                     ဒါတွေ   လုပ်ဆောင်နိုင်ဘို့အတွက် ဥပဒေ၊ နည်းဥပဒေတွေ၊    လုပ်ထုံး
 လုပ်နည်းတွေ၊ပညာပေး လုပ်ငန်းတွေ၊၊ညှိနှိုင်းပေါင်းစပ်မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ၊
အများကြီး စဉ်းစားရမှာပါ။ လူတွေရဲ့  လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရပြီး 
လူတစ်ဉီးချင်းရဲ့  ပုဂ္ဂလိကလိုအပ်ချက်၊ခံစားချက်တွေလည်းမတူပါဘူး၊

                     ဘာဘဲဖြစ်ဖြစ် ပို့ဆောင်ရေးအတွက် လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်ရင်
အဲဒီကြောင့်ဖြစ်တဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေလည်း လျော့ကျသွားမှာပါ။

No comments:

Post a Comment